COVID-19 ကာကွယ်ဆေးများ

ကာကွယ်ဆေးများသည် ကျွန်ုပ်တို့အား COVID -19 ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမှ ကာကွယ်ပေးသည်။ သြစတြေးလျနိုင်ငံရှိ အသက် 5 နှစ်နှင့် အထက်အရွယ်လူတိုင်း အခမဲ့ COVID-19 ကာကွယ်ဆေးထိုးရန် ရက်ချိန်းယူနိုင်သည်။

COVID-19 ကာကွယ်ဆေးများ အကြောင်း

သြစတြေးလျနိုင်ငံရှိ အသက် 5 နှစ်နှင့်အထက် အရွယ်များနှင့် အသက် 6 လမှ 4 နှစ်အရွယ်လူတိုင်းသည် COVID-19 ကာကွယ်ဆေးထိုးခွင့်ရသည်။

ဆေးခန်းကို ရှာပြီး ရက်ချိန်းယူပါ

COVID-19 ကာကွယ်ဆေးများမှာ သြစတြေးလျနိုင်ငံရှိ လူတိုင်းအတွက် အခမဲ့ဖြစ်ပါသည်။ ၎င်းလူများတွင် Medicare ကတ်ပြား မရှိသူများ၊ နိုင်ငံခြား ဧည့်သည်များ၊ အပြည်ပြည်ဆိုင်ရာ ကျောင်းသူ/ကျောင်းသားများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ခိုလှုံခွင့်လျှောက်ထားသူများ ပါဝင်သည်။

ကာကွယ်ဆေးထိုးခြင်းဖြင့် သင်၊ သင့်မိသားစုနှင့် သင့် အသိုင်းအဝိုင်းလူထုတို့အား COVID-19 ရောဂါမှ ကာကွယ်ပေးစေမည်ဖြစ်သည်။

သြစတြေးလျနိုင်ငံ အစိုးရသည် ကာကွယ်ဆေးထိုးခြင်းကို မဖြစ်မနေ ထိုးရမည်ဟု သတ်မှတ်မထားပါ၊ သင့်အနေဖြင့် COVID-19 ကာကွယ်ဆေး မထိုးရန် ရွေးချယ်နိုင်ပါသည်။

အချို့ ပြည်နယ်နှင့် အုပ်ချုပ်ခံ နယ်မြေ အများပြည်သူ ကျန်းမာရေးဌာနသည် အချို့ အခြေအနေများ၌ ကာကွယ်ဆေးထိုးခြင်းကို မဖြစ်မနေထိုးရမည်ဟု အမိန့်များ ထုတ်ပြန်နိုင်သည်။ ဥပမာ၊ အချို့အလုပ်အကိုင်အမျိုးအစားများအတွက်နှင့် အချို့လူထုလှုပ်ရှားမှုများအတွက်။

ကာကွယ်ဆေးများမှာ ဘေးကင်းလုံခြုံသည်

COVID-19 ကာကွယ်ဆေးထိုးခြင်းသည် အန္တရာယ်ကင်းလုံခြုံပြီး အသက်များကို ကယ်တင်ပေးပါသည်။ သြစတြေးလျနိုင်ငံ၌ ကုထုံးပစ္စည်းများ စီမံခန့်ခွဲရေး ဌာန် (Therapeutic Goods Administration(TGA)) သည် COVID-19 ကာကွယ်ဆေး ဘေးကင်းလုံခြုံမှုနှင့် ဘေးထွက်ဆိုးကျိုးများကို အစဥ်မပြတ် နီးနီးကပ်ကပ် စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

သြစတြေးလျနိုင်ငံ၌ ရရှိနိုင်သော ကာကွယ်ဆေး တစ်ခုစီအကြောင်း ပိုမို လေ့လာပါ-

သင် ကာကွယ်ဆေးထိုးပြီးနောက် သင့်တွင် မေးစရာ သို့မဟုတ် စိုးရိမ်မှု တစ်စုံတစ်ရာရှိလျှင် သင်၏ ကာကွယ်ဆေးထိုးဆေးခန်း သို့မဟုတ် ဆရာဝန်ကို ဆက်သွယ်ပါ။

မည်သူတို့ ကာကွယ်ဆေးထိုးသင့်သနည်း

အသက် 5 နှစ်နှင့်အထက် အရွယ်လူတိုင်း COVID-19 ကာကွယ်ဆေး ထိုးသင့်သည်။

COVID-19 ကြောင့် အလွန် နာမကျန်းဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်းမှ အကောင်းဆုံး ကာကွယ်မှု ရရှိရန် သင့်အသက်အရွယ်နှင့် ကျန်းမာရေး လိုအပ်ချက်များအတွက် အကြံပြုထားသော ဆေးအကြိမ် အားလုံးကို သင် ထိုးသင့်သည်။

အသက် 6 လမှ 4 နှစ် အရွယ် အချို့သည် အောက်ပါကိစ္စများရှိလျှင် COVID-19 ကာကွယ်ဆေး ထိုးခွင့်ရသည် -

  • အလွန်အမင်း ကိုယ်ခံအား နိမ့်ချခံရလျှင်
  • မသန်စွမ်းမှု ရှိလျှင် သို့မဟုတ်
  • ပြင်းထန်သော COVID-19 အန္တရာယ်များသည့် ရှုပ်ထွေးသော နှင့်/သို့မဟုတ် မျိုးစုံသော ရောဂါများ ရှိလျှင်

အသက် 6 လမှ 4 နှစ် အရွယ်ကလေးများ ထိုးသင့်သည်မှာ- 

  • COVID-19 အခြေခံ ကာကွယ်ဆေး နှစ်ကြိမ်
  • အကယ်၍ ၎င်းတို့သည် ကိုယ်ခံအား အလွန်အမင်း နိမ့်ချခံရလျှင် တတိယအကြိမ် အခြေခံ ကာကွယ်ဆေး။

အသက် 5 နှစ်မှ 17 နှစ် အရွယ်ကလေးများ ထိုးသင့်သည့် ကာကွယ်ဆေးမှာ -

  • COVID-19 အခြေခံ ကာကွယ်ဆေး နှစ်ကြိမ်
  • အကယ်၍ ၎င်းတို့သည် ကိုယ်ခံအား အလွန်အမင်း နိမ့်ချခံရလျှင် တတိယအကြိမ် အခြေခံ ကာကွယ်ဆေး။
  • အကယ်၍ အောက်ပါကိစ္စ၌ စွမ်းအားဖြည့်ထိုးဆေး-
    • အကယ်၍ ၎င်းတို့ ကိုယ်ခံအား အလွန်အမင်း နိမ့်ချခံရလျှင်
    • အကယ်၍ ၎င်းတို့တွင် မသန်စွမ်းမှုရှိလျှင်
    • အကယ်၍ ၎င်းတို့တွင် ပြင်းထန်သော COVID-19 ရောဂါဖြစ်မည့် အန္တရာယ်များသည့် ရှုပ်ထွေးသော နှင့်/သို့မဟုတတ် ရောဂါမျိုးစုံ ရှိလျှင် 
    • အကယ်၍ နောက်ဆုံး ဆေးအကြိမ်ထိုးပြီး သို့မဟုတ် COVID-19 ကူးစက်ခံရပြီး 6 လရှိနေပြီဖြစ်လျှင်။

သင့်ကလေး စွမ်းအားဖြည့်ထိုးဆေး ထိုးသင့်သည် ဟုတ်မဟုတ် သင့်ဆရာဝန်က ကူ၍ဆုံးဖြတ်ပေးနိုင်သည်။

အသက် 18 နှစ် သို့မဟုတ် အထက် အရွယ်လူတိုင်း ထိုးသင့်သည်မှာ -

  • COVID-19 အခြေခံ ကာကွယ်ဆေး နှစ်ကြိမ်
  • အကယ်၍ ၎င်းတို့သည် ကိုယ်ခံအား အလွန်အမင်း နိမ့်ချခံရလျှင် တတိယအကြိမ် အခြေခံကာကွယ်ဆေး

အသက် 18 နှစ် သို့မဟုတ် အထက်အရွယ်လူတိုင်းသည် နောက်ဆုံးအကြိမ်ထိုးပြီး သို့မဟုတ် COVID-19 ရောဂါကူးစက်ခံရပြီး 6 လရှိပြီဖြစ်လျှင် စွမ်းအားဖြည့်ထိုးဆေးထိုးရန် စဉ်းစားနိုင်သည်။

COVID-19 စွမ်းအားဖြည့်ဆေး အကြံပြုချက်အကြောင်း လေ့လာပါ။

ကလေးများ

AusVaxSafety ထံမှ COVID-19 ကာကွယ်ဆေး ဘေးကင်းလုံခြုံရေး အချက်အလက်က ပြသသည်မှာ အသက် 5 နှစ်မှ 15 နှစ်အရွယ်ကလေးများသည် COVID-19 ကာကွယ်ဆေးထိုးပြီးနောက်ရက်များအတွင်း ဘေးထွက်ဆိုးကျိုးများမှာ ဆေးဘက်ဆိုင်ရာအစမ်း စမ်းသပ်မှုများထက် ပို၍နည်းပါးစွာ ရသည်ဟု သတင်းပို့ထားကြသည်။ 

COVID-19 ကာကွယ်ဆေးများကြောင့် ကလေးများတွင် အနာဂတ်၌ သန္ဓေမြုံခြင်းဖြစ်ပွားသည်ဟု အထောက်အထား လုံးဝ မရှိပါ။

ကလေးများနှင့် ဆယ်ကျော်သက်ရွယ်များ အတွက် COVID-19 ကာကွယ်ဆေးများ အကြောင်း ပိုမိုလေ့လာပါ။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ သို့မဟုတ် မိခင်နို့တိုက်နေသည့် အမျိုးသမီးများ

အကယ်၍ သင် ကိုယ်ဝန်ဆောင်နေလျှင်၊ မိခင်နို့တိုက်နေလျှင် သို့မဟုတ် ကိုယ်ဝန်ဆောင်ရန် စီစဉ်နေလျှင် COVID-19 ကာကွယ်ဆေးများမှာ ဘေးကင်းလုံခြုံပါသည်။ ကိုယ်ဝန် မည်သည့်ကာလအဆင့်၌မဆို သင် ကာကွယ်ဆေးထိုးနိုင်သည်။

ကိုယ်ဝန်ဆောင်ခြင်း၊ မိခင်နို့တိုက်ခြင်း၊ နှင့် COVID-19 ကာကွယ်ဆေးများအကြောင်း ပိုမို လေ့လာပါ။

မသန်စွမ်းသူများ

မသန်စွမ်းသူများသည် COVID-19 ကြောင့် ပြင်းထန်သော နာမကျန်းမှုဖြစ်ရန် အန္တရာယ်ပိုမိုများသည်၊ ကာကွယ်ဆေးထိုးသင့်သည်။

အကယ်၍ သင် အကူအညီ သို့မဟုတ် ပံ့ပိုးမှု ပိုမိုလိုအပ်လျှင် Disability Gateway Helpline ဖုန်း 1800 643 787 ကိုဆက်ပါ။ ၎င်းတို့ သင့်အတွက် ရက်ချိန်းယူပေးနိုင်သည်။

သင် စကားပြန် အလိုရှိလျှင် ဘာသာပြန်နှင့် စကားပြန်ဌာန (Translating and Interpreting Service) 131 450 ကိုဖုန်းဆက်ပြီး ၎င်းတို့အား Disability Gateway သို့ဖုန်းခေါ်ခိုင်းပါ။

ရှိရင်းစွဲ ရောဂါရှိသူများ

ရှိရင်းစွဲ ရောဂါရှိသူများသည် COVID-19 ကြောင့် ပြင်းထန်သော နာမကျန်းမှုဖြစ်ရန် အန္တရာယ် ပိုမိုများသည်၊ ကာကွယ်ဆေးထိုးသင့်သည်။

သင့်ရောဂါနှင့်ပတ်သက်ပြီး အကောင်းဆုံး ကာကွယ်ဆေးအကြောင်းကို သင့် ပုံမှန် ကျန်းမာရေး စောင့်ရှောက်ဌာနနှင့် စကားပြောဆိုပါ။

ကာကွယ်ဆေးထိုးရမည့် နေရာ

သင် COVID-19 ကာကွယ်ဆေး ထိုးနိုင်သည့်နေရာများမှာ-

  • Commonwealth ကာကွယ်ဆေးထိုးဆေးခန်းများ
  • ထိုးပေးနေသည့် အထွေထွေရောဂါကုဆေးခန်းများ
  • အဘိုရင်ဂျင်းတိုင်းရင်းလူမျိုး အုပ်ချုပ်သည့် လူမှုအသိုက်အဝန်း ကျန်းမာရေးဌာနများ (Aboriginal Controlled Community Health Services)
  • ပြည်နယ်နှင့်အုပ်ချုပ်ခံနယ်မြေ ကာကွယ်ဆေးထိုးဆေးခန်းများ၊ နှင့်
  • ထိုးပေးနေသည့် ဆေးအရောင်းဆိုင်များ။

အထွေထွေရောဂါကု ဆရာဝန်သည် သင့်ထံမှ ကာကွယ်ဆေးအတွက် အခကြေး မတောင်းနိုင်ပါ။

သင်နှင့်အနီးဆုံး ကာကွယ်ဆေးထိုးဆေးခန်းကိုရှာရန်နှင့် ရက်ချိန်းယူရန် ကာကွယ်ဆေးထိုးဆေးခန်း ရှာကိရိယာ ကို သုံးပါ။

အကယ်၍ သင်၏ရက်ချိန်း၌ တယ်လီဖုန်းဖြင့် စကားပြန်သည့် စကားပြန် သို့မဟုတ် လူကိုယ်တိုင်လာရောက် စကားပြန်သည့်စကားပြန်ကို အလိုရှိလျှင် ဘာသာပြန်နှင့်စကားပြန်ဌာန (Translating and Interpreting Service) ဖုန်း 131 450 ကိုဆက်ပါ။

Easy Vaccine Access ဟုလည်းခေါ်သည့် EVA သည် သင့်ဘာသာစကားဖြင့် ဖုန်းမှတစ်ဆင့် COVID-19 ကာကွယ်ဆေးထိုးရန် ရက်ချိန်း ယူပေးနိုင်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။ EVA ကို တစ်ပတ် 7 ရက် နံနက် 7 နာရီမှ ည 10 နာရီ (အရှေ့ပိုင်း စံတော်ချိန်) အထိ ဖွင့်လှစ်ထားပါသည်။ EVAအကြောင်း ပိုမို လေ့လာပါ။

အကယ်၍ သင့်တွင် Medicare ကတ်ပြားမရှိလျှင်

အကယ်၍ သင့်တွင် Medicare ကတ်ပြား မရှိလျှင် ရပ်ကွက်တွင်း ဆေးအရောင်ဆိုင်များနှင့် ပြည်နယ် သို့မဟုတ် အုပ်ချုပ်ခံနယ်မြေ ကာကွယ်ဆေးထိုးဆေးခန်းများ (၎င်းတို့ ထိုးပေးနေသေးလျှင်) တွင် ကာကွယ်ဆေး အခမဲ့ ထိုးနိုင်ပါသည်။

COVID-19 ကာကွယ်ဆေး မထိုးမီ

ရက်ချိန်းမယူရသေးလျှင် ရက်ချိန်းယူပါ။

ဆေးခန်းကို ရှာပြီး ရက်ချိန်းယူပါ

သင့်တွင် Medicare ကတ်ပြားရှိလျှင် သင့်အချက်အလက်များ လက်ရှိအတိုင်းဖြစ်နေကြောင်း အောက်ပါမှတစ်ဆင့် စိစစ်ပါ-

သင့်ရက်ချိန်းမတိုင်မီ သို့မဟုတ် အကယ်၍ သင် အခြားတစ်ယောက်ယောက်အတွက် ကာကွယ်ဆေးထိုးရန် ဆုံးဖြတ်နေရလျှင် သင်အား သဘောတူညီချက်ပေးသည့် ပုံစံကို ဖြည့်ခိုင်းနိုင်သည်။

သဘောတူညီချက်ပေးသည့် ပုံစံ ကိုဖတ်ရှုပါ။

အသက် 5 နှစ်မှ 11 နှစ်အထိအရွယ် ကလေးများအတွက် သတင်းအချက်အလက်နှင့် သဘောတူညီချက်ပေးသည့် ပုံစံကို ဖတ်ရှုပါ။

COVID-19 ကာကွယ်ဆေးထိုးပြီးနောက်

သင် ကာကွယ်ဆေးထိုးပြီးနောက် အနည်းဆုံး 15 မိနစ် ဓါတ်မတည့်မှု ရှိမရှိ သင့်အား စောင့်ကြပ်ကြည့်ရှုပါမည်။ ချက်ချင်းပေါ်ပေါက်သည့် ဓါတ်မတည့်မှုကို ကုသပေးရန် သင့်အား ကာကွယ်ဆေးထိုးပေးသူကို လေ့ကျင့်ပေးထားသည်။

COVID-19 ကာကွယ်ဆေးကြောင့်ဖြစ်သည့် ဘေးထွက်ဆိုးကျိုးများမှာ သာမန်အားဖြင့် အပျော့စားဖြစ်ကြပြီး 1 ရက်မှ 2 ရက်အတွင်း ပျောက်သွားပါသည်။ ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုးများတွင်-

  • ဆေးထိုးအပ်ထိုးသွင်းသည့်လက်မောင်းတွင် နာကျင်ခြင်း
  • မောပန်းခြင်း
  • ခေါင်းကိုက်ခြင်း
  • ကြွက်သားနာကျင်ခြင်း
  • ကိုယ်ပူအဖျားတက်ခြင်းနှင့် ချမ်းတုန်ခြင်း။

ဆေးဝါး သို့မဟုတ် ကာကွယ်ဆေး တစ်ခုခုတွင်ဖြစ်တတ်သကဲ့သို့ ရှားပါးသည့် သို့မဟုတ် မသိရသေးသည့် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်။ အကယ်၍ သင်သည် ဆိုးဝါးသည့် ဘေးထွက်ဆိုးကျိုးများ ခံစားနေရသည်ဟု ထင်မြင်လျှင် သင့် ကျန်းမာရေး စောင့်ရှောက်ပေးသူပညာရှင် သို့မဟုတ် အမျိုးသား ကိုရိုနာဗိုင်းရပ်စ် အကူအညီဖုန်းလိုင်းကို ဆက်သွယ်ပါ။

1800 020 080

သင် စကားပြန် အလိုရှိလျှင် အမျိုးသား ကိုရိုနာဗိုင်းရပ်စ် အကူအညီဖုန်းလိုင်း (National Coronavirus Helpline) ကိုဖုန်းဆက်ပြီး နံပါတ် 8 ကိုနှိပ်ပါ။

ကာကွယ်ဆေးထိုး အထောက်အထားလက်မှတ်

ကာကွယ်ဆေးထိုး သမိုင်းကြောင်း ရှင်းတမ်း (Immunisation History Statement) ကို ရယူခြင်းဖြင့် COVID-19 ကာကွယ်ဆေးထိုး အထောက်အထားကို သင် ရနိုင်သည်။

သင် ကာကွယ်ဆေးထိုး သမိုင်းကြောင်း ရှင်းတမ်းလက်မှတ်ကို အောက်ပါအတိုင်း ရယူနိုင်သည်-

အကယ်၍ သင့်တွင် Medicare ကတ်ပြား မရှိလျှင် သို့မဟုတ် myGov စာရင်းကို ဝင်၍မရနိုင်လျှင် သင့်အနေဖြင့် သင်၏ကာကွယ်ဆေးထိုး သမိုင်းကြောင်းရှင်းတမ်းလက်မှတ်ကို အောက်ပါနည်းများဖြင့် ရယူနိုင်သည်-

  • ကာကွယ်ဆေးထိုးပေးသည့်ဌာနကို သင့်အတွက် မိတ္တူတစ်စောင် ပုံနှိပ်ထုတ်ပေးခြင်း သို့မဟုတ်
  • သြစတြေးလျန်း ကာကွယ်ဆေးထိုး မှတ်ပုံတင် (Australian Immunisation Register) စုံစမ်းရေး ဖုန်းလိုင်း 1800 653 809 (အရှေ့ပိုင်း စံတော်ချိန် နံနက် 8 နာရီ – ညနေ 5 နာရီ၊ တနင်္လာမှ သောကြာ) ကိုဖုန်းခေါ်ပြီး သင့်ထံ စာတိုက်မှ ရှင်းတမ်းကို ပို့ခိုင်းပါ။ ၎င်းသည် စာတိုက်မှ ရောက်ရှိလာရန် 14 ရက်အထိ ကြာနိုင်သည်။

သင်၏ COVID-19 ကာကွယ်ဆေးထိုးခြင်း အထောက်အထားကို မည်သို့ရယူရမည်နှင့်ပတ်သက်သည့် အချက်အလက်အပိုအတွက် Services Australia ဝက်ဘ်ဆိုက် တွင်ကြည့်ပါ။

ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ ရယူရမည့်နေရာ

ယုံကြည်စိတ်ချရပြီး တရားဝင် သတင်းရရာပံ့ပိုးရင်းမြစ်များမှတစ်ဆင့် COVID-19 အကြောင်းနှင့် COVID-19 ကာကွယ်ဆေးထိုး အစီအစဉ်အကြောင်း သိရှိနေရန် အရေးကြီးပါသည်။

COVID-19 ကာကွယ်ဆေးများနှင့်ပတ်သက်သည့် မေးလေ့ရှိသည့်မေးခွန်းများအတွက် အဖြေများကို ဘာသာစကား 63 မျိုး ဖြင့် ရရှိနိုင်သည်။

COVID-19 ကာကွယ်ဆေးများအကြောင်း ဘာသာစကားများဖြင့်ရေးသားထားသော ပံ့ပိုးရင်းမြစ်များပါရှိသည့် အချက်အလက် စာတွဲကို ရရှိနိုင်ပါသည်။

သင့်ဘာသာစကားဖြင့် COVID-19 အကြောင်း ကို ဖတ်ရှုပါ။။

ပံ့ပိုးရင်းမြစ်များ

ဘာသာပြန်ဆိုထားသော COVID-19 ကာကွယ်ဆေးအချက်အလက် ကို ပိုဖတ်ရှုပါ။

Date last updated:

Help us improve health.gov.au

If you would like a response please use the enquiries form instead.