COVID-19 ကာကွယ်ဆေးများ အကြောင်း

သြစတြေးလျနိုင်ငံရှိ အသက် 5 နှစ်နှင့် အထက်အရွယ် လူတိုင်းသည် ယခုအခါ ကာကွယ်ဆေးထိုးရန်ရက်ချိန်းယူနိုင်ပြီဖြစ်သည်။

ဆေးခန်းကို ရှာပြီး ရက်ချိန်းယူပါ

COVID-19 ကာကွယ်ဆေးများမှာ သြစတြေးလျနိုင်ငံရှိ လူတိုင်းအတွက် အခမဲ့ဖြစ်ပါသည်။ ၎င်းလူများတွင် Medicare ကတ်ပြား မရှိသူများ၊ နိုင်ငံခြား ဧည့်သည်များ၊ အပြည်ပြည်ဆိုင်ရာ ကျောင်းသူ/ကျောင်းသားများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ခိုလှုံခွင့်လျှောက်ထားသူများ ပါဝင်သည်။ ကာကွယ်ဆေးထိုးခြင်းဖြင့် သင်၊ သင့်မိသားစုနှင့် သင့် အသိုင်းအဝိုင်းလူထုတို့အား COVID-19 ရောဂါမှ ကာကွယ်ပေးစေမည်ဖြစ်သည်။

သြစတြေးလျနိုင်ငံ အစိုးရသည် ကာကွယ်ဆေးထိုးခြင်းကို မဖြစ်မနေထိုးရမည်ဟု မဆိုထားပါ၊ သင့်အနေဖြင့် COVID-19 ကိုတွန်းလှန်ရန်အတွက် ကာကွယ်ဆေး မထိုးရန် ရွေးချယ်နိုင်သည်။

အချို့ ပြည်နယ်နှင့် အုပ်ချုပ်ခံ နယ်မြေ အများပြည်သူ ကျန်းမာရေးဌာနသည် အချို့ အခြေအနေများ၌ ကာကွယ်ဆေးထိုးခြင်းကို မဖြစ်မနေထိုးရမည်ဟု အမိန့်များ ထုတ်ပြန်နိုင်သည်။ ဥပမာ၊ အချို့အလုပ်အကိုင်အမျိုးအစားများအတွက်နှင့် အချို့လူထုလှုပ်ရှားမှုများအတွက်။

ကာကွယ်ဆေးများမှာ ဘေးကင်းလုံခြုံသည်

COVID-19 ကာကွယ်ဆေးထိုးခြင်းသည် ဘေးကင်းလုံခြုံပြီး လူ့အသက်များကို ကယ်တင်ပေးသည်။ သြစတြေးလျနိုင်ငံ၌ Therapeutic Goods Administration(TGA) သည် COVID-19 ကာကွယ်ဆေး ဘေးကင်းလုံခြုံမှုနှင့် ဘေးထွက်ဆိုးကျိုးများကို အစဥ်မပြတ် နီးနီးကပ်ကပ် စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

သြစတြေးလျနိုင်ငံ၌ ရရှိနိုင်သော ကာကွယ်ဆေး တစ်ခုစီအကြောင်း ပိုမို လေ့လာပါ-

COVID-19 ကာကွယ်ဆေးများသည် အကယ်၍ သင် ဗိုင်းရပ်စ်ပိုးနှင့်ထိတွေ့မှု ရှိလာသည့်အခါ ၎င်းပိုးကို ဖယ်ရှားပစ်ရန် သင့်ခန္ဓာကိုယ်အား လေ့ကျင့်ပေးသည်။

သင် ကာကွယ်ဆေးထိုးပြီးနောက် သင့်တွင် မေးစရာ သို့မဟုတ် စိုးရိမ်မှု တစ်စုံတစ်ရာရှိလျှင် သင်၏ ကာကွယ်ဆေးထိုးဆေးခန်း သို့မဟုတ် ဆရာဝန်ကို ဆက်သွယ်ပါ။

ကာကွယ်ဆေးထိုးပြီးနောက် မျှော်လင့်ရမည့်အရာအကြောင်း ပိုမိုလေ့လာပါ။

မည်သူတို့ ကာကွယ်ဆေးထိုးသင့်သနည်း။

အသက် 5 နှစ်နှင့်အထက်အရွယ် လူတိုင်းသည် COVID-19 ကိုတွန်းလှန်ရန် ကာကွယ်ဆေးထိုးသင့်သည်။

COVID-19 ကာကွယ်ဆေးထိုးခြင်းအားဖြင့် သင့်အား COVID-19 ကြောင့် အလွန် နာမကျန်းဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်းမှ ကာကွယ်ပေးသည်။

ကာကွယ်ဆေးထိုးခြင်းသည် သင့်အနီးအနားရှိလူများကိုလည်း ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ခြင်းအား နှေးကွေးပေးခြင်းအားဖြင့် ကာကွယ်ပေးစေသည်။

COVID-19 ကာကွယ်ဆေးထိုးခြင်းမှာ နောက်ဆုံးအကြိမ်အထိ ထိုးပြီးဖြစ်သည်ဟု ယူဆရန် သင်သည် သင့်အသက်အရွယ်နှင့် ကျန်းမာရေးလိုအပ်ချက်များအတွက် အကြံပြုထားသည့် ဆေးအကြိမ်အားလုံးကို ထိုးပြီးဖြစ်ရမည်။

အသက် 5 မှ 15 နှစ် အရွယ်ကလေးများသည် အောက်ပါ ဆေးအကြိမ်များကို ထိုးသင့်သည်-

  • COVID-19 ကာကွယ်ဆေး၏ အခြေခံ ကာကွယ်ဆေး အကြိမ် 1 နှင့် 2
  • အကယ်၍ ကလေးများမှာ ကိုယ်ခံအား အလွန်အမင်း နိမ့်ချခံရသူများဖြစ်ပါက အခြေခံ ကာကွယ်ဆေး အကြိမ် 3။

အသက် 16 နှစ်နှင့်အထက်အရွယ် လူတိုင်း အောက်ပါဆေးအကြိမ်များကို ထိုးသင့်သည်-

  • COVID-19 ကာကွယ်ဆေး၏ အခြေခံ ကာကွယ်ဆေး အကြိမ် 1 နှင့် 2
  • အကယ်၍ ကလေးများမှာ ကိုယ်ခံအား အလွန်အမင်း နိမ့်ချခံရသူများဖြစ်ပါက အခြေခံ ကာကွယ်ဆေးအကြိမ် 3
  • COVID-19 ကာကွယ်ဆေး၏ အားဖြည့်ထိုးဆေး

အကယ်၍ သင်သည် အားဖြည့်ထိုးဆေးကို လွန်ခဲ့သည့် 4 လတွင် ထိုးပြီးဖြစ်သည့်အပြင် အောက်ပါကိစ္စ၌ သင် ဆောင်းရာသီ COVID-19 ကာကွယ်ဆေးကိုလည်း ထိုးသင့်သည်-

  • အသက် 65 နှစ် သို့မဟုတ် အထက်အရွယ်ဖြစ်လျှင်
  • သက်ကြီးစောင့်ရှောက်ရေး ဂေဟာ သို့မဟုတ် မသန်စွမ်းမှု စောင့်ရှောက်ရေး ဂေဟာ နေထိုင်သူဖြစ်လျှင်
  • အသက် 16 နှစ်နှင့် အထက်အရွယ်ဖြစ်သည့်အပြင် ကိုယ်ခံအား အလွန်အမင်း နိမ့်ချခံရသူဖြစ်လျှင်
  • အဘိုရင်းဂျင်းတိုင်းရင်းလူမျိုး သို့မဟုတ် တောရက်စ်ရေလက်ကြားကျွန်းသားလူမျိုးဖြစ်သည့်အပြင် အသက် 50 နှစ်နှင့် အထက်အရွယ်ဖြစ်လျှင် တို့ဖြစ်သည်။

အကယ်၍ သင် COVID-19 ပိုးတွေ့အဖြေ စစ်ဆေးတွေ့ရှိလျှင် သင်၏ နောက်ထပ် COVID-19 ကာကွယ်ဆေးအကြိမ်ကိုမထိုးမီ 3 လစောင့်ဆိုင်းရန် သင့်အား တိုက်တွန်းပါသည်။

အားဖြည့်ထိုးဆေးထိုးပြီးနောက် COVID-19 ရောဂါရှိခဲ့သူများသည် ဆောင်းရာသီထိုးဆေးကို မထိုးမီ အနည်းဆုံး 3 လ စောင့်ဆိုင်းသင့်သည်။

သင်၏ COVID-19 ကာကွယ်ဆေး နောက်ဆုံးအကြိမ်အထိ ထိုးပြီးဖြစ်နေစေရန် အရေးကြီးပါသည်။ လူအမျိုးမျိုးသည် COVID-19 ကာကွယ်ဆေး အမျိုးမျိုးကို အချိန်အမျိုမျိုးတွင် လိုအပ်နိုင်သည်။ နောက်ဆုံးအကြိမ်အထိ ဆေးထိုးထားစေရန် သင်နှင့် သင့်မိသားစု လုပ်ရန်လိုအပ်သည့်အရာကို သိရှိရန် သင့် ကျန်းမာရေးစောင့်ရှောက်ဌာနနှင့် စကားပြောဆိုပါ။

ကလေးများ

COVID-19 ကာကွယ်ဆေးများသည် ကလေးများအတွက် ဘေးကင်းပါသည်။

ကလေးများအား ကာကွယ်ဆေးထိုးပေးခြင်းအားဖြင့် ပိုမိုငယ်ရွယ်သည့် မွေးချင်းများ၊ အဖိုးအဖွားများ၊ နှင့် ကျယ်ကျယ်ပြန့်ပြန့်လူထုထံသို့ ဗိုင်းရပ်စ်ပိုးဖြန့်ပေးခြင်းကို ဟန့်တားပေးစေနိုင်သည်။

ကလေးများနှင့် ဆယ်ကျော်သက်ရွယ်များအတွက် COVID-19 အကြောင်း ပိုမိုလေ့လာပါ။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ သို့မဟုတ် မိခင်နို့တိုက်နေသည့် အမျိုးသမီးများ

သင် ကိုယ်ဝန်ဆောင်နေလျှင်၊ မိခင်နို့တိုက်နေလျှင် သို့မဟုတ် ကိုယ်ဝန်ဆောင်ရန် စီစဉ်နေလျှင် COVID-19 ကာကွယ်ဆေးများမှာ ဘေးကင်းပါသည်။ ကိုယ်ဝန် မည်သည့်ကာလအဆင့်၌မဆို သင် ကာကွယ်ဆေးထိုးနိုင်သည်။

ကိုယ်ဝန်ဆောင်ခြင်း၊ မိခင်နို့တိုက်ခြင်း၊ နှင့် COVID-19 ကာကွယ်ဆေးများအကြောင်း ပိုမိုလေ့လာပါ။

မသန်စွမ်းသူများ

မသန်စွမ်းသူများသည် COVID-19 ကြောင့် အပြင်းအထန် နာမကျန်းဖြစ်မည့် အန္တရာယ် ပိုမို ကြုံတွေ့ရသည်၊ ကာကွယ်ဆေးထိုးသင့်သည်။

အကယ်၍ သင် အကူအညီ သို့မဟုတ် ပံ့ပိုးမှု ပိုမိုလိုအပ်လျှင် Disability Gateway Helpline ဖုန်း 1800 643 787 ကိုဆက်ပါ။ ၎င်းတို့ သင့်အတွက် ရက်ချိန်းယူပေးနိုင်သည်။

သင် စကားပြန် အလိုရှိလျှင် Translating and Interpreting Service 131 450 ကိုဖုန်းဆက်ပြီး ၎င်းတို့အား Disability Gateway သို့ဖုန်းခေါ်ခိုင်းပါ။

ရှိရင်းစွဲ ရောဂါရှိသူများ

ရှိရင်းစွဲ ရောဂါရှိသူများသည် COVID-19 ရောဂါကြောင့် အလွန် နာမကျန်းဖြစ်ခြင်းအန္တရာယ် ပိုမိုများသည်၊ ကာကွယ်ဆေးထိုးသင့်သည်။

သင့်ရောဂါနှင့်ပတ်သက်ပြီး အကောင်းဆုံး ကာကွယ်ဆေးအကြောင်းကို သင့် ပုံမှန် ကျန်းမာရေး စောင့်ရှောက်ဌာနနှင့် စကားပြောဆိုပါ။

ကာကွယ်ဆေးထိုးရမည့် နေရာ

သင် COVID-19 ကာကွယ်ဆေး ထိုးနိုင်သည့်နေရာများမှာ-

  • Commonwealth ကာကွယ်ဆေးထိုးဆေးခန်းများ
  • ထိုးပေးနေသည့် အထွေထွေရောဂါကုဆေးခန်းများ
  • Aboriginal Controlled Community Health Services
  • ပြည်နယ်နှင့်အုပ်ချုပ်ခံနယ်မြေ ကာကွယ်ဆေးထိုးဆေးခန်းများ၊ နှင့်
  • ထိုးပေးနေသည့် ဆေးအရောင်းဆိုင်များ။

အထွေထွေရောဂါကု ဆရာဝန်သည် သင့်ထံမှ ကာကွယ်ဆေးအတွက် အခကြေး မတောင်းနိုင်ပါ။

သင်နှင့်အနီးဆုံး ကာကွယ်ဆေးထိုးဆေးခန်းကိုရှာရန်နှင့် ရက်ချိန်းယူရန် ကာကွယ်ဆေးထိုးဆေးခန်း ရှာကိရိယာ ကို သုံးပါ။ အကယ်၍ သင်၏ရက်ချိန်း၌ တယ်လီဖုန်းဖြင့် စကားပြန်သည့် စကားပြန် သို့မဟုတ် လူကိုယ်တိုင်လာရောက် စကားပြန်သည့်စကားပြန်ကို အလိုရှိလျှင် ဘာသာပြန်နှင့်စကားပြန်ဌာန (Translating and Interpreting Service) ဖုန်း 131 450 ကိုဆက်ပါ။

အကယ်၍ သင့်တွင် Medicare ကတ်ပြားမရှိလျှင်

အကယ်၍ သင့်တွင်Medicare ကတ်ပြားမရှိလျှင် သင် အခမဲ့ ကာကွယ်ဆေးထိုးနိုင်သည့်နေရာများမှာ-

  • Commonwealth ကာကွယ်ဆေးထိုးဆေးခန်းများ
  • ပြည်နယ် သို့မဟုတ် အုပ်ချုပ်ခံနယ်မြေ ကာကွယ်ဆေးထိုးဆေးခန်းများ
  • ထိုးပေးနေသည့် ဆေးအရောင်းဆိုင်များ။

‘ Hey Eva’ – ကာကွယ်ဆေး အလွယ်တကူ ထိုးခြင်း

EVA ဆိုသည်မှာ လူများအား COVID-19 ကာကွယ်ဆေးထိုးရန်အတွက် ရက်ချိန်းယူရန် ကူညီပေးသည့် ဖုန်းပြန်ခေါ် ဝန်ဆောင်မှုသာ ဖြစ်ပါသည်။ EVA ကို နံနက် 7 နာရီမှ 10 နာရီ (AEST)၊ တစ်ပတ် 7 ရက် ဖွင့်လှစ်ထားသည်။

အကယ်၍ သင် COVID-19 ကာကွယ်ဆေးထိုးရန်အတွက် ရက်ချိန်းယူရန် အကူအညီလိုအပ်လျှင် ‘Hey EVA’ ဖုန်း 0481 611 382 သို့ အမှာစာပို့ပါ။

သင် EVA သို့ အမှာစာပို့သည့်အခါ သင့်အား အောက်ပါ သင့်ကိုယ်ရေးတို့ကို မေးမြန်းမည့် ပြန်စာလက်ခံရပါမည်-

  • အမည်
  • ဘာသာစကား
  • လိုအပ်သည့် ရက်စွဲနှင့်အချိန်
  • ဖုန်းပြန်ခေါ်ရန် အကောင်းဆုံး ဖုန်းနံပါတ်။

National Coronavirus Helpline မှ လေ့ကျင့်ထားသည့် ဖုန်းအော်ပရေတာသည် သင်၏ COVID-19 ကာကွယ်ဆေးထိုးရန်အတွက် ရက်ချိန်း ကူ၍ယူပေးရန် သတ်မှတ်ထားသည့် အချိန်တွင် သင့်အား ဖုန်းခေါ်ပါမည်။

EVA သည် COVID-19 ကာကွယ်ဆေးများနှင့် ပတ်သက်၍ သတင်းအချက်အလက်များ နှင့် အကြံပြုချက် တို့ကိုပံ့ပိုးပေးပြီး ကူညီဆောင်ရွက်ပေးသည်မှာ-

  • COVID-19 ကာကွယ်ဆေးများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များ နှင့် အကြံပြုချက် ကို ပေးကမ်းခြင်း
  • ဝင်ရောက်လာနိုင်သည့် ဆေးခန်းကို သင် ရှာဖွေရန် ကူညီပေးခြင်း
  • သင့်တော်သည့် ကာကွယ်ဆေးထိုး ရက်ချိန်းကို ယူရန် သင့်အား ကူညီပေးခြင်း
  • အခမဲ့ စကားပြန် အကူအညီ နှင့် သင့်ကို ချိတ်ဆက်ပေးခြင်း။

COVID-19 ကာကွယ်ဆေး မထိုးမီ

ရက်ချိန်းမယူရသေးလျှင် ရက်ချိန်းယူပါ။

ဆေးခန်းကို ရှာပြီး ရက်ချိန်းယူပါ

သင့်တွင် Medicare ကတ်ပြားရှိလျှင် သင့် အသေးစိတ်အချက်များမှာ မှန်ကန်နေကြောင်း အောက်ပါတို့မှတစ်ဆင့် စိစစ်ပါ-

သင့်ရက်ချိန်းမတိုင်မီ သို့မဟုတ် အကယ်၍ သင် အခြားတစ်ယောက်ယောက်အတွက် ကာကွယ်ဆေးထိုးရန် ဆုံးဖြတ်နေရလျှင် သင်အား သဘောတူညီချက်ပေးသည့် ပုံစံကို ဖြည့်ခိုင်းနိုင်သည်။

သဘောတူညီချက်ပေးသည့် ပုံစံ ကိုဖတ်ရှုပါ။

အသက် 5 နှစ်မှ 11 နှစ်အရွယ် ကလေးများအတွက် အချက်အလက်များနှင့် သဘောတူညီချက်ပေးသည့် ပုံစံ ကို ဖတ်ရှုပါ။

သင် COVID-19 ကာကွယ်ဆေး ထိုးပြီးနောက်

သင် ကာကွယ်ဆေးထိုးပြီးနောက် အနည်းဆုံး 15 မိနစ် ဓါတ်မတည့်မှု ရှိမရှိ သင့်အား စောင့်ကြပ်ကြည့်ရှုပါမည်။ ချက်ချင်းပေါ်ပေါက်သည့် ဓါတ်မတည့်မှုကို ကုသပေးရန် သင့်အား ကာကွယ်ဆေးထိုးပေးသူကို လေ့ကျင့်ပေးထားသည်။

COVID-19 ကြောင့်ဖြစ်သည့် ဘေးထွက်ဆိုးကျိုးများမှာ သာမန်အားဖြင့် အပျော့စားများဖြစ်ကြပြီး 1 ရက်မှ 2 ရက်အတွင်း ပျောက်ကွယ်သွားပါသည်။ ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုးများတွင်-

  • ဆေးထိုးအပ်ထိုးသွင်းသည့်လက်မောင်းတွင် နာကျင်ခြင်း
  • မောပန်းခြင်း
  • ခေါင်းကိုက်ခြင်း
  • ကြွက်သားနာကျင်ခြင်း
  • ကိုယ်ပူအဖျားတက်ခြင်းနှင့် ချမ်းဖျားခြင်း။

ဆေးဝါး သို့မဟုတ် ကာကွယ်ဆေး တစ်ခုခုတွင်ဖြစ်တတ်သကဲ့သို့ ရှားပါးသည့် သို့မဟုတ် မသိရသေးသည့် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်။ အကယ်၍ သင်သည် ဆိုးဝါးသည့် ဘေးထွက်ဆိုးကျိုးများ ခံစားနေရသည်ဟု ထင်မြင်လျှင် သင့် ကျန်းမာရေး စောင့်ရှောက်ပေးသူပညာရှင် သို့မဟုတ် အမျိုးသား ကိုရိုနာဗိုင်းရပ်စ် အကူအညီဖုန်းလိုင်းကို ဆက်သွယ်ပါ။

1800 020 080

သင် စကားပြန် အလိုရှိလျှင် အမျိုးသား ကိုရိုနာဗိုင်းရပ်စ် အကူအညီဖုန်းလိုင်း (National Coronavirus Helpline) ကိုဖုန်းဆက်ပြီး နံပါတ် 8နှိပ်ပါ။

ကာကွယ်ဆေးထိုး အထောက်အထားလက်မှတ်

သင်၏ COVID-19 ကာကွယ်ဆေးထိုး အထောက်အထားလက်မှတ်ကို သင်၏ ကာကွယ်ဆေးထိုး သမိုင်းကြောင်းရှင်းတမ်း မှတ်တမ်းအား ဝင်ရောက်ခြင်းဖြင့် ရယူနိုင်သည်။

သင်၏ ကာကွယ်ဆေးထိုး သမိုင်းကြောင်းရှင်းတမ်းလက်မှတ် (Immunisation History Statement) ကို သင် အောက်ပါနည်းမှတစ်ဆင့် ရယူနိုင်သည်-

အကယ်၍ သင့်တွင် Medicare ကတ်ပြား မရှိလျှင် သို့မဟုတ် myGov စာရင်းကို ဝင်၍မရနိုင်လျှင် သင့်အနေဖြင့် သင်၏ကာကွယ်ဆေးထိုး သမိုင်းကြောင်းရှင်းတမ်းလက်မှတ်ကို အောက်ပါနည်းများဖြင့် ရယူနိုင်သည်-

  • ကာကွယ်ဆေးထိုးပေးသည့်ဌာနကို သင့်အတွက် မိတ္တူတစ်စောင် ပုံနှိပ်ထုတ်ပေးခိုင်းခြင်း
  • Australian Immunisation Register စုံစမ်းမှုများ ဖုန်းလိုင်း 1800 653 809 (နံနက် 8 နာရီ – ညနေ 5 နာရီ၊ တနင်္လာ မှ သောကြာ သြစတြေးလျ အရှေ့ပိုင်း စံတော်ချိန်) ကို ဖုန်းခေါ်ပြီး သင့် ရှင်းတမ်းလက်မှတ်ကို စာတိုက်ဖြင့် သင့်ထံ ပို့ခိုင်းခြင်း။ ၎င်းသည် စာတိုက်မှ ရောက်ရှိလာရန် 14 ရက်အထိ ကြာနိုင်သည်။

သင်၏ COVID-19 ကာကွယ်ဆေးထိုးခြင်း အထောက်အထားကို မည်သို့ရယူရမည်နှင့်ပတ်သက်သည့် အချက်အလက်အပိုအတွက် Services Australia ဝက်ဘ်ဆိုက် တွင်ကြည့်ပါ။

ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ ရယူရမည့်နေရာ

COVID-19 နှင့် COVID-19 ကာကွယ်ဆေးထိုးခြင်းအကြောင်း ယုံကြည်စိတ်ချရပြီး တရားဝင် နေရာများမှတစ်ဆင့် သတင်းသိရှိနေစေရန် အရေးကြီးပါသည်။

COVID-19 ကာကွယ်ဆေးများနှင့်ပတ်သက်သည့် မေးလေ့ရှိသည့်မေးခွန်းများအတွက် အဖြေများကို ဘာသာစကား 63 မျိုး ဖြင့် ရရှိနိုင်သည်။

သင့်ဘာသာစကားဖြင့် COVID-19 အကြောင်းကို ဖတ်ရှုပါ။

ပံ့ပိုးရင်းမြစ်များ

Language: 
Burmese - မြန်မာ
Last updated: 
13 May 2022