ပိုးစစ်ဆေးရမည့်အချိန်
အကယ်၍ သင့်တွင် COVID-19 ရောဂါလက္ခဏာများတစ်ခုခု ရှိသည့်အခါ သင် ပိုးစစ်ဆေးသင့်သည်။
COVID-19 ပိုးစစ်ဆေးမှု အမျိုးအစားများ
သင့်တွင် COVID-19 ဗိုင်းရပ်စ်ပိုး ရှိမရှိ တွေ့ရှိနိုင်သည့် စစ်ဆေးနည်း အမျိုးအစား 2 မျိုးရှိသည်။
- ကိုယ်ခံအား တန်ပြန်မှု ကိုယ်တိုင် အမြန်စစ်ဆေးနည်း (RATs)
- ဒီအင်အေ (DNA) တန်ပြန်မှုကိုသုံးသည့် စစ်ဆေးနည်း (PCR, သို့မဟုတ် RT-PCR)
COVID-19 စစ်ဆေးမှု မည်သို့ဆောင်ရွက်သည် အကြောင်း ပိုမိုလေ့လာပါ။
ပိုးစစ်ဆေးရမည့်နေရာ
သင် RAT စစ်ဆေးနည်းကို အိမ်တွင်စစ်ဆေးနိုင်သည်။ ဤစစ်ဆေးနည်းကိရိယာများကို စူပါမားကက်များနှင့် အချို့ ဓါတ်ဆီဆိုင်များအပါအဝင် ဆေးဆိုင်များ သို့မဟုတ် လက်လီဆိုင်များတွင် ရောင်းပါသည်။
ပါရှိသည့်လမ်းညွှန်ချက်များကို ဖတ်ရှုပါ-
PCR စစ်ဆေးနည်းကိရိယာ ရယူရန် သင်သည် လွှဲစာအတွက် သင့်ဆရာဝန်ကို ဆက်သွယ်ရန်လိုအပ်သည် သို့မဟုတ် COVID-19 စစ်ဆေးပေးသည့် ဆေးခန်းကို အကယ်၍ သင့် ပြည်နယ် သို့မဟုတ် အုပ်ချုပ်ခံနယ်မြေတွင် ၎င်းဆေးခန်းရှိလျှင် သွားရောက်ပါ။
သင့်အနီးရှိ စစ်ဆေးပေးသည့် ဆေးခန်းများစာရင်းကိုကြည့်ရန် သင့် ဒေသကျန်းမာရေးဌာန သို့ ဝင်ရောက်ကြည့်ရှုပါ။