ကာကွယ်ဆေးထိုးထားပါ
COVID-19 ကာကွယ်ဆေးများသည် COVID-19 ကြောင့် ဆိုးဝါးစွာ နာမကျန်းဖြစ်လာခြင်းမှ ပို၍ကာကွယ်ပေးနိုင်ပါမည်။ မည်သူက ကာကွယ်ဆေးထိုးသင့်ကြောင်း အကြံပြုချက်များ အကြံပြုသည့် သြစတြေးလျန်း နည်းပညာ အကြံပေးအုပ်စု (Australian Technical Advisory Group (ATAGI)) ၏ အကြံပြုချက်ကို ကျွန်ုပ်တို့ လိုက်နာပါသည်။
ကာကွယ်ဆေးထိုးခြင်း ကို အပြည့်အစုံ ထိုးထားခြင်းသည် သင့်အား အကောင်းဆုံး ကာကွယ်ပေးပါသည်။
ကာကွယ်ဆေးထိုးရန် ရက်ချိန်းယူပါ
လိုအပ်သလို နှာခေါင်းစည်းများကို တပ်ပါ
နှာခေါင်းစည်းတပ်ခြင်းအားဖြင့် သင်နှင့် သင့်အနီးရှိလူများကို ကာကွယ်ပေးစေနိုင်သည်။
နှာခေါင်းစည်းတပ်ခြင်းသည် လေထဲမှတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခြင်းကို ဟန့်တားပေးသည်။ ဆိုလိုသည်မှာ သင်သည် ဗိုင်းရပ်စ်ပိုးကို ကူးစက်ခံရရန် သို့မဟုတ် ဖြန့်ပေးရန် ဖြစ်နိုင်ခြေနည်းပါးသည်။
မည်သည့်အချိန်အခါ၌ နှာခေါင်းစည်း တပ်သင့်သည်နှင့်ပတ်သက်၍ ပြည်နယ်များနှင့် အုပ်ချုပ်ခံနယ်မြေများတွင် စည်းမျဥ်း အမျိုးမျိုးရှိပါသည်။ လတ်တလော အကြံပြုချက်ကို သင့် ဒေသ ကျန်းမာရေး ဌာန ဝက်ဘ်ဆိုက် တွင်ကြည့်ရှုပါ။
အောက်ပါကိစ္စများတွင် နှာခေါင်းစည်းတပ်ရန် ကောင်းပါသည်-
- ဘတ်စ်ကား မီရထား၊ ဆေးခန်းများနှင့်ဆေးရုံများကဲ့သို့ အများပြည်သူနေရာအဆောက်အအုံးအတွင်း
- သင့်အနေဖြင့် လူချင်းခပ်ခွာခွာနေ၍ မရနိုင်သည့်အခါ
- သင့်တွင် ပိုးတွေ့စစ်ဆေးအဖြေရှိသည့်အခါ သို့မဟုတ် သင့်တွင် COVID-19 ရောဂါရှိသည်ဟု ထင်မြင်သည့်အခါ အပြင် သင် အခြားသူများအနီးရှိနေသည့်အခါ။
နှာခေါင်းစည်းကို အသေအချာတပ်စေရန် သင်သည်-
- မတပ်မီနှင့် ဖြုတ်လိုက်ပြီးနောက် သင့်လက်များကို ဆေးကြောသင့်သည် သို့မဟုတ် ပိုးသတ်ရည်ဖြင့်သန့်စင်သင့်သည်
- နှာခေါင်းစည်းကို သင့်နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်နေပြီး သင့်မေးစေ့အောက်တွင် အနေတော် ကပ်နေသင့်သည်
- နှာခေါင်းစည်းကို တပ်ထားနေစဉ် သို့မဟုတ် ဖြုတ်နေစဉ် ရှေ့ဖက်ကို ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်သင့်သည်
- နှာခေါင်းစည်းကို တပ်ထားသည့်အတိုင်းထားပါ - သင့် လည်ပင်းတွင် တွဲလောင်းချိတ်ထားခြင်း သို့မဟုတ် နှာခေါင်းအောက်တွင် တွဲထားခြင်း မလုပ်ပါနှင့်
- တစ်ခါသုံး နှာခေါင်းစည်းအသစ်ကို တစ်ခါသာ သုံးပါ
- အခါခါသုံးနိုင်သည့် နှာခေါင်းစည်းကို သုံးပြီးနောက် ဆေးကြောပြီး အခြောက်ခံထားကာ ခြောက်သွေ့သောနေရာတွင် ထားပါ။