ကြာရှည်နေသော COVID

COVID-19 ရောဂါဖြစ်သည့်လူအများစုမှာ ရောဂါလက္ခဏာ ဦးစွာပေါ်ပြီး အပတ်အနည်းငယ်အတွင်း လုံးဝ ပြန်ကောင်းသွားကြပါသည်။ သို့သော်လည်း အချို့လူတိုသည့် ကူးစက်မှုမှ ရေရှည် သက်ရောက်မှုများ ကြုံတွေ့နိုင်သည်။ ကြာရှည်နေသည့် COVID အကြောင်းနှင့် သင်၏ ဆက်တိုက်ဖြစ်နေသော လက္ခဏာများ သက်သာစေရန် အကူအညီရမည့်နေရာအကြောင်း လေ့လာပ

ကြာရှည်နေသည့် COVID အကြောင်း

'ကြာရှည်နေသည့် COVID' ဟူသော ဝေါဟာရကို အောက်ပါနှစ်မျိုးလုံးအတွက် ယေဘုယျအားဖြင့် သုံးနှုန်းပါသည်-

  • ဆက်တိုက်ရောဂါလက္ခဏာပြနေသော COVID-19 – 4 ပတ်ထက်ကျော်လွန်ပြီး ကြာရှည်နေသည့် COVID-19 ရောဂါလက္ခဏာများ
  • COVID-19 အခြေအနေ/ရောဂါလက္ခဏာစု လွန်မြောက်ပြီးကာလ – ရောဂါဖော်ထုတ်၍ ရှင်းမပြနိုင်လောက်သည့် 12 ပတ်ကျော်ကြာပြီးနောက် ရှိနေသည့် COVID-19 လက္ခဏာများ။

ကြာရှည်နေသည့် COVID သည် လူအမျိုးမျိုး၌ အမျိုးမျိုးဖြစ်နေနိုင်ပြီး ရောဂါလက္ခဏာများမှာ အပျော့စားမှ ဆိုးဝါးသည်အထိ အမျိုးမျိုးဖြစ်နိုင်သည်။

ကြာရှည်နေသည့် COVID ရောဂါလက္ခဏာများ

ကြာရှည်နေသည့် COVID နှင့်ပတ်သက်၍ သတင်းပို့ထားသည့် ဖြစ်လေ့အရှိဆုံး ရောဂါလက္ခဏာများမှာ-

  • ပင်ပန်းနွမ်းနယ်ခြင်း (မောပန်းခြင်း)
  • အသက်ရှူကျပ်ခြင်း
  • မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှု ('ဦးနှောက်မရှင်းခြင်း') အခက်အခဲများ။

အခြားသော ရောဂါလက္ခဏာများမှာ-

  • နှလုံးခုန်မြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ရင်ဘတ်တင်းကျပ်ခြင်း
  • ချောင်းဆိုးခြင်း
  • အရသာ သို့မဟုတ် အနံ့ ပြောင်းလဲခြင်း
  • အဆစ်နှင့်ကြွက်သား နာကျင်ခြင်း
  • တစ်ဆစ်ဆစ်နာကျင်ခြင်း
  • အိပ်စက်ရ အခက်အခဲရှိခြင်း (အိပ်မပျော်ခြင်း)
  • စိတ်ခံစားမှု အတက်အကျ ပြောင်းလဲခြင်း (ပူပန်မှုများခြင်း၊ စိတ်သောက သို့မဟုတ် စိတ်ကျခြင်း)
  • ခေါင်းမူးခြင်း
  • ခေါင်းကိုက်ခြင်း
  • အနည်းငယ် ကိုယ်ပူဖျားခြင်း
  • အရေပြားအဖုပေါက်ခြင်း၊ ဆံပင်ကျွတ်ခြင်း
  • အော့အန်ချင်စဖွယ်ဖြစ်ခြင်း၊ ဝမ်းလျောခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ခံတွင်းပျက်ခြင်း။

ကလေးများ၌ ရောဂါလက္ခဏာများမှာ-

  • စိတ်ခံစားမှု အတက်အကျ လက္ခဏာများ
  • ပင်ပန်းနွမ်းနယ်ခြင်း
  • အိပ်စက်ရ အခက်အခဲရှိခြင်း။

ကြာရှည်နေသည့် COVID အန္တရာယ်အကြောင်းခံများ

ကြာရှည်နေသည့် COVID သည် အောက်ပါလူပုဂ္ဂိုလ်များတွင် ပိုမိုဖြစ်ပွားဖွယ်ရာရှိသည်-

  • ကာကွယ်ဆေးမထိုးထားသူများ
  • ဆေးရုံတက်ကုသခံရသူများ သို့မဟုတ် အထူးကြပ်မတ်လူနာဆောင် တက်ရန်လိုအပ်သူများ အပါအဝင် COVID-19 ကြောင့် ဆိုးဝါးသော နာမကျန်းမှုရှိခဲ့သူများ
  • COVID-19 မဖြစ်မီ သွေးတိုးရောဂါ၊ နာတာရှည် အဆုတ်ရောဂါ၊ ဆီးချိုရောဂါနှင့် အဝလွန်ရောဂါကဲ့သို့သော ရှိရင်းစွဲ ရောဂါများရှိသူများ။

ကြာရှည်နေသော COVID အတွက် ကုသမှုခံယူခြင်း

COVID-19 ရောဂါဖြစ်ပြီးနောက် ဆက်တိုက်ဖြစ်နေသည့် လက္ခဏာများကြောင့် သင် စိုးရိမ်ပူပန်နေလျှင် သင့်ဆရာဝန်နှင့် စမ်းသပ်စစ်ဆေးရန် ပြသသင့်သည်။

ကြာရှည်နေသည့် COVID အတွက် စစ်ဆေးမှု မရှိပါ။ သင့်ဆရာဝန်အနေဖြင့် သင့် ရောဂါလက္ခဏာများနှင့် သင့်အပေါ်သက်ရောက်မှုများအကြောင်း မေးမြန်းပါမည်။ သူတို့အနေဖြင့် သင့်ရောဂါလက္ခဏာများအတွက် ဖြစ်နိုင်သော အကြောင်းရင်းများကို ဖော်ထုတ်ရန်နှင့် အခြားရောဂါလက္ခဏာများကို ဖယ်ရှားပစ်ရန် စစ်ဆေးမှုအချို့ကို စစ်ခိုင်းနိုင်သည်။

ကြာရှည်နေသည့် COVID ကိုကုသရန် ကုသမှုတစ်ခု သို့မဟုတ် ဆေးဝါး ဟူ၍ မရှိပါ။ သင်လိုအပ်နိုင်သည့် စောင့်ရှောက်မှုနှင့် ပံ့ပိုးမှုအကြောင်း သင့်ဆရာဝန်က ပြောပါလိမ့်မည်။ ဆရာဝန်က အောက်ပါအကြောင်းနှင့်ပတ်သက်သည့် အကြံပြုချက် သင့်အား ပေးနိုင်သည်-

  • ရောဂါလက္ခဏာ နေ့စဉ်မှတ်တမ်းကို အသုံးပြု၍ အိမ်၌ သင့် ရောဂါလက္ခဏာများကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် စီမံခန့်ခွဲခြင်း
  • ဆေးကုသမှုလိုအပ်နိုင်သည့် ရောဂါလက္ခဏာများ (လက္ခဏာအသစ် သို့မဟုတ် ဆိုးဝါးလာသည့် လက္ခဏာများကဲ့သို့) နှင့် အကယ်၍ ဤလက္ခဏာများကို သင် ခံစားရလျှင် ဆေးကုသမှုခံယူရမည့်နေရာ
  • COVID-19 ဖြစ်ပြီး လာမည့်အပတ်များနှင့် လများအတွင်း ဖြစ်လာမည့်အရာ
  • အစာအာဟာရဓါတ်၊ ကိုယ်လက်လေ့ကျင့်ခန်းနှင့် ဆွေးနွေးအကြံပြုခြင်းကဲ့သို့ နေထိုင်ရေးကိစ္စများအတွက် ပံ့ပိုးမှုများ။

အကယ်၍ ရောဂါလက္ခဏာများမှာ သင့်အပေါ် သက်ရောက်မှု ကြီးမားနေလျှင် သင့်ရောဂါလက္ခဏာများကို သက်သာအောင်ဆောင်ရွက်ပေးနိုင်ပြီး သင် ပြန်ကောင်းမွန်လာစေရန် ဆောင်ရွက်ပေးနိုင်သည့် အထူးပြုဝန်ဆောင်ဌာန သို့မဟုတ် ပြန်လည်ကောင်းမွန်ရေးဝန်ဆောင်ဌာနသို့ လွှဲပို့ပေးနိုင်သည်။

ကြာရှည်နေသည့် COVID မှ ပြန်လည်ကောင်းမွန်လာခြင်း

ပြန်လည်ကောင်းမွန်လာခြင်းမှာ လူတစ်ဦးစီအပေါ် ကွဲပြားခြားနားပါမည်၊ သင့် ရောဂါလက္ခဏာများမှာ အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲလာနိုင်သည်။ လူအများစုမှာ 3 လမှ 4 လအတွင်း ပြန်လည်ကောင်းမွန်လာပါမည်။ သို့သော်လည်း အချို့လူများအဖို့ ရောဂါလက္ခဏာများမှာ ပို၍ကြာရှည်နေနိုင်သည်။

ကြာရှည်နေသည့် COVID မှ မိမိကိုယ်ကိုမိမိ ကာကွယ်ပေးခြင်း

ကြာရှည်နေသည့် COVID ကို ကာကွယ်ရန် အကောင်းဆုံးနည်းမှာ မိမိကိုယ်တိုင် ကူးစက်ခံရခြင်းမှ ကာကွယ်ရန်ဖြစ်ပါသည်

COVID-19 ကာကွယ်ဆေးထိုးခြင်း ကို အပြည့်အစုံ ထိုးထားခြင်းသည် COVID-19 ကူးစက်မှုကို ကြိုတင်ကာကွယ်စေနိုင်ပြီး ဆိုးဝါးစွာ နာမကျန်းဖြစ်ခြင်းကို ကာကွယ်နိုင်စေပါသည်။ ကာကွယ်ဆေးထိုးထားသူများ၏ ကြာရှည်နေသည့် COVID သတင်းပို့ခြင်းမှာ မထိုးထားသူများထက် နည်းပါးပါသည်။

အစိုးရ၏ တုံ့ပြန်ချက်

ကျန်းမာရေးနှင့် သက်ကြီး စောင့်ရှောက်ရေး ဝန်ကြီး Hon Mark Butler MP ထံမှ 2022 ခုနှစ် စက်တင်ဘာလ 1 ရက်နေ့တွင် ညွှန်းပေးလိုက်ပြီးနောက် ကျန်းမာရေး၊ သက်ကြီးစောင့်ရှောက်ရေးနှင့် အားကစား လွှတ်တော်ကော်မတီသည် စုံစမ်းစစ်ဆေးပြီး ကြာရှည်နေသည့် COVID နှင့် ထပ်ခါတလည်လည်ဖြစ်နေသည့် COVID-19 ကူးစက်မှုများနှင့်ပတ်သက်၍ အစီရင်ခံပါလိမ့်မည်။

ကြားဖြတ်ယာယီ အစီရင်ခံစာကိုဖတ်ရှုပါ။

ပိုမိုသိရှိရန်အချက်များ

Date last updated:

Help us improve health.gov.au

If you would like a response please use the enquiries form instead.