Downloads
မယ်ဒီကဲ အရေးပေါ် စောင့်ရှောက်ပေးရေး ဆေးခန်းတွေ (Medicare Urgent Care Clinics) ဟာ သြစတြေးလျားတစ်ဝန်း တည်ရှိပြီး အရေးပေါ် ဖြစ်နိုင်ပေမဲ့ အသက်ဘေးအန္တရာယ် ရှိလောက်စေမယ့် ဖျားနာမှုတွေ၊ ထိခိုက်ဒဏ်ရာတွေအတွက် မဟုတ်တဲ့ ဆေးကုသမှုကို ရယူဖို့ ပိုပြီးလွယ်ကူစေပါတယ်။
မယ်ဒီကဲ အရေးပေါ် စောင့်ရှောက်ပေးရေး ဆေးခန်းကို သွားတာက သင့်ဒေသခံ အရေးပေါ်ဌာနကို သွားစရာ မလိုတော့တာကို ဆိုလိုတာဖြစ်ပါတယ်။
ဆေးခန်းတွေမှာ
- အခကြေးကို ပုံတိုက် ပေးရတဲ့အတွက် သင့်ရဲ့ မယ်ဒီကဲ ကတ်ပြားကို ယူလာပါ
- တန်းပြီး ချက်ချင်းပြနိုင်တဲ့အတွက် ရက်ချိန်းယူဖို့ ဒါမှမဟုတ် ညွှန်းပေးခံရဖို့ မလိုပါဘူး
- နေ့စဉ် စောစီးစွာဖွင့်ပြီး၊ ပိတ်တာလည်း နောက်ကျပါတယ်
- အထွေထွေကု ဆရာဝန်တွေနဲ့ သူနာပြုတွေ ရှိပါတယ်။
အထွေထွေကု ဆရာဝန်ကို သမားရိုးကျ ရက်ချိန်းယူပြီး တွေ့ဖို့ မစောင့်နိုင်စရာ ဖျားနာမှု ဒါမှမဟုတ် ထိခိုက်ဒဏ်ရာအတွက် ဖြစ်ပေမဲ့ ဆေးရုံကို သွားလောက်အောင် မလိုရင် မယ်ဒီကဲ အရေးပေါ် စောင့်ရှောက်ပေးရေး ဆေးခန်းကို သွားပါ။
သင် ဒါမှမဟုတ် သင်သိတ်အရေးထားရသူ တစ်ဦးဦးမှာ အသက်ဘေးအန္တရာယ်ရှိစေမယ့် ထိခိုက်ဒဏ်ရာရှိနေရင် သို့မဟုတ် နာမကျန်းမှု ဖြစ်နေရင် သုည သုံးလုံးကို ဖုန်းဆက်ပါ ဒါမှမဟုတ် သင်နဲ့အနီးဆုံး အရေးပေါ်ဌာနကို တန်းသွားပါ။
သင်နဲ့ အနီးဆုံး မယ်ဒီကဲ အရေးပေါ် စောင့်ရှောက်ပေးရေး ဆေးခန်းကို ရှာတွေ့ဖို့ health.gov.au/MedicareUCC မှာကြည့်ပါ။