သြစတြေးလျနိုင်ငံတွင်း ခရီးသွားခြင်း
အောက်ပါနေရာများသို့ ခရီးသွားမည့် အချက်အလက်များကို ဒေသခံ ကျန်းမာရေးဌာနများ၏ ဝက်ဘ်ဆိုက်များတွင် စိစစ်ပါ-
နိုင်ငံခြားသို့ ခရီးသွားခြင်း
COVID-19 သည် သြစတြေးလျနိုင်ငံနှင့် နိုင်ငံရပ်ခြားများတွင် ကျန်းမာရေး အန္တရာယ်အဖြစ် ဆက်လက်တည်ရှိနေသေးသည်။ နိုင်ငံခြား ခရီးစဉ် သွားနေစဉ် နှာခေါင်းစည်းတပ်ခြင်းနှင့် ကာကွယ်ဆေးထိုးထားခြင်းကို ကျွန်ုပ်တို့ အလေးအနက် အကြံပြုပါသည်။ သင့်အနေဖြင့် ချောင်းဆိုးခြင်းနှင့် လက်ဆေးကြောခြင်းတို့အတွက် ကောင်းသော သန့်စင်ရေး အလေ့အကျင့်ကို ကျင့်သုံးသင့်ပြီး တတ်နိုင်သမျှ အခြားသူများထံမှ လူချင်းခပ်ခွာခွာ နေသင့်ပါသည်။
အချို့နိုင်ငံများ၊ လေကြောင်းလိုင်းများနှင့် သင်္ဘောများတွင် COVID-19 ခရီးစဥ် သတ်မှတ်ချက်များ ချမှတ်ထားနိုင်သည်။ ၎င်းတို့မှာ သင် လေယာဥ် သို့မဟုတ် သင်္ဘောပေါ် မတက်ရောက်နိုင်မီ သတင်းပို့ချိန်၌ ခရီးစဉ်မထွက်ခွာမီ စစ်ဆေးအဖြေ တင်ပြခြင်း ပါဝင်နိုင်သည်။ အောက်ပါနှစ်မျိုးလုံးတွက် သတ်မှတ်ချက်များကို စစ်ဆေးပါ-
-
သင် ခရီးသွားမည့် နိုင်ငံ သို့မဟုတ် ဖြတ်သန်းသွားမည့်နိုင်ငံ
-
လေကြောင်းလိုင်း သို့မဟုတ် သင်္ဘော သတ်မှတ်ချက်များ။
ပံ့ပိုးရင်းမြစ်များ-
အမိနိုင်ငံပြန်လာနေသော သြစတြေးလျန်းများ
သြစတြေးလျနိုင်ငံ နယ်စပ်များကို ဖွင့်ထားပါသည်၊ Australian Government က အောက်ပါအတိုင်းသတ်မှတ်ထားသည်-
- သြစတြေးလျနိုင်ငံ ဆိုက်ရောက်ချိန်၌ COVID-19 ပိုးမတွေ့ စစ်ဆေးအဖြေ အထောက်အထားပြရန် မလိုပါ
- COVID-19 ကာကွယ်ဆေးထိုး အထောက်အထား ပြရန်မလိုပါ
- နှာခေါင်းစည်း တပ်ရန် မလိုပါ သို့သော် တပ်ရန် တိုက်တွန်းပါသည်။
ခရီးသွား အာမခံ
ခရီးသွား အာမခံသည် အကယ်၍ နိုင်ငံခြား၌ COVID-19 ကြောင့် နာမကျန်းဖြစ်လာလျှင် အရေးကြီးပါသည်။ သင့် အာမခံတွင် အောက်ပါတို့အကျုံးဝင်ပါစေ-
- ဖြတ်သန်းသွားမည့် နိုင်ငံများ
- COVID-19 ရောဂါ အကျုံးဝင်သည့်အချက်
- အပျော်စီးသင်္ဘော အာမခံကဲ့သို့ အခြားကိစ္စများ အကျုံးဝင်သည့်အချက်။
အချို့ဆိုက်ရောက်နိုင်ငံများတွင် ခရီးသည်များအား နိုင်ငံတွင်းဝင်ရောက်မည့် စည်းကမ်းချက်အဖြစ် ခရီးသွား အာမခံ ရှိထားခြင်းကိုလည်း သတ်မှတ်ထားသည်။
အပျော်စီး ခရီးစဥ်
သင် စီးမည့်သင်္ဘောနှင့် ဆိုက်ရောက်နိုင်ငံအတွက် နောက်ဆုံးပေါ် ခရီးသွား သတ်မှတ်ချက်များကို အပျော်စီးသင်္ဘော ပြေးဆွဲလုပ်ငန်းအား မေးမြန်းပါ။
ကာကွယ်ဆေးထိုးခြင်း
ခရီးသည်များအဖို့ အပျော်စီး သင်္ဘောပေါ်တက်ရန် ကာကွယ်ဆေးထိုးထားရမည်ဟု Australian Government သတ်မှတ်ချက် မရှိပါ။ သို့သော်လည်း ကျွန်ုပ်တို့ တိုက်တွန်းသည်မှာ-
- အကယ်၍ သင် ကာကွယ်ဆေးမထိုးထားလျှင် အလွန်အမင်း နာမကျန်းဖြစ်ခြင်း အန္တရာယ်နှင့် ကြာရှည်နေမည့် COVID-19 ဖြစ်ခြင်း အန္တရာယ် အလွန်မြင့်မားခြင်းကြောင့် COVID-19 ကာကွယ်ဆေးထိုးထားပါ
- အကယ်၍ သင် ကာကွယ်ဆေးထိုးမထားလျှင် အပျော်စီးခရီးစဥ်ကို ပြန်လည်စဉ်းစားသုံးသပ်ပါ။
အပျော်စီး ခရီးစဉ်ပေါ်ရှိစဉ် ရောဂါပြန့်ပွားမှုများ
အပျော်စီး သင်္ဘောများမှာ အခြားသော ခရီးစဉ်အမျိုးအစားများနှင့်နှိုင်းယှဥ်လျှင် ရောဂါပျံ့နှံ့ခြင်း အန္တရာယ် ပိုမိုများပါသည်။ COVID-19 ၊ တုပ်ကွေးရောဂါ၊ နှင့် အခြားသော ကူးစက်တတ်သည့်ရောဂါများမှာ ကျဥ်းကြုတ်သောနေရာများအတွင်း နေထိုင်ပြီး ပြောဆိုဆက်ဆံသည့်လူများအကြား ကူးစက်ပျံ့နှံ့လွယ်ပါသည်။
အကယ်၍ အပျော်စီးခရီးတွင် COVID-19 ကူးစက်ပျံ့နှံ့လာပါက သင် လုပ်နိုင်သည်မှာ-
- သင်္ဘောပေါ် သီးခြားခွဲ၍နေပါ
- သင်္ဘောပေါ်မှဆင်းပြီး သင်ရှိနေသည့် ပြည်နယ် သို့မဟုတ် အုပ်ချုပ်ခံနယ်မြေ သို့မဟုတ် နိုင်ငံရှိ ဒေသဆိုင်ရာ စည်းမျဥ်းများကို လိုက်နာပါ။
သင် ခရီးမသွားမီ အပျော်စီးခရီးများနှင့်ပတ်သက်သည့် စမတ်ခရီးသည် အကြံပြုချက်ကိုစစ်ဆေးပါ။ သင့် ခရီးစဉ်အေးဂျင့် သို့မဟုတ် အပျော်စီးခရီး လုပ်ငန်းရှင်ကို COVID-19 လုံခြုံရေး လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်သည့် သီးခြားသတင်းရရန် ဆက်သွယ်ပါ။
ပြည်နယ်နှင့် အုပ်ချုပ်ခံနယ်မြေ အစိုးရများသည် သြစတြေးလျနိုင်ငံရှိ အပျော်စီးလုပ်ငန်းကို ထောက်ခံပံ့ပိုးရန် လိုက်နာလုပ်ရမည့် ကျန်းမာရေး လုပ်ထုံးလုပ်နည်းများ ကို ရေးဆွဲပြီး လိုအပ်သလိုပြင်ဆင်ပေးသည်။
အပျော်စီးလုပ်ငန်းကဏ္ဍ လုပ်ထုံးလုပ်နည်းများသည် အောက်ပါတို့အပါအဝင် အပျော်စီး သင်္ဘောများပေါ် COVID-19 ကူးစက်မှု အန္တရာယ်လျှော့ချရေးကိုလည်း အထောက်အကူပြုစေပါသည်-
- ခရီးသည်များအတွက် ကာကွယ်ဆေးထိုး သတ်မှတ်ချက်များ
- ရောဂါပြန့်ပွားမှု စီမံထိန်းချုပ်ရေး အစီအစဉ်များ
- COVID-19 ဘေးကင်းရေး အစီအစဉ်များ။
သြစတြေးလျနိုင်ငံသို့လာရောက်သည့် နိုင်ငံတကာ ခရီးသည်များ
သြစတြေးလျနိုင်ငံ နယ်စပ်များကို ဖွင့်ထားပါသည်၊ Australian Government က အောက်ပါအတိုင်းသတ်မှတ်ထားသည်-
- သြစတြေးလျနိုင်ငံ ဆိုက်ရောက်ချိန်၌ COVID-19 ပိုးမတွေ့ စစ်ဆေးအဖြေ အထောက်အထားပြရန် မလိုပါ
- COVID-19 ကာကွယ်ဆေးထိုး အထောက်အထား ပြရန်မလိုပါ
- နှခေါင်းစည်း တပ်ရန် မလိုပါ သို့သော် တပ်ရန် တိုက်တွန်းပါသည်။
သြစတြေးလျနိုင်ငံ သို့ဝင်ရောက်ခြင်းနှင့် ပြန်လည်ထွက်ခွာခြင်း အကြောင်း ပိုမိုလေ့လာပါ။