ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)

ကိုရိုနာဗိုင်းရပ်စ် (COVID-19) အကြောင်း လေ့လာပါ၊ သင်ကိုယ်တိုင်၊ သင့်မိသားစု၊ နှင့် သင့်လူထုအား ကာကွယ်ပေးစေရန် သင်လုပ်သင့်သည့် အရေးကြီးသော အချက်များနှင့် အကယ်၍ သင် သို့မဟုတ် သင့်မိသားစု ပိုးတွေ့စစ်ဆေးအဖြေရလျှင် ဘာလုပ်ရမည်ကို သိရှိပါ။

COVID-19 အကြောင်း

COVID-19 သည် ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ကြောင့် ဖြစ်ပွားသည့် ရောဂါဖြစ်သည်။ အချို့လူများတွင် ၎င်းသည် အနည်းငယ် နာမကျန်းဖြစ်စေသော်လည်း အခြားသူများတွင် ၎င်းမှာ ပြင်းထန်သော နာမကျန်းမှုနှင့် သေဆုံးမှုကို ဖြစ်ပွားစေနိုင်သည်။

COVID-19 ရောဂါလက္ခဏာများ

COVID-19 ရောဂါရှိသည့် လူအများစုမှာ အပျော့စား ရောဂါလက္ခဏာ ကိုသာ ကြုံတွေ့ရသည်။ ၎င်းရောဂါလက္ခဏာများကို ပုံမှန် အကိုက်အခဲပျောက်ဆေးဖြင့် သက်သာစေနိုင်ပါသည်။

သင့် ရောဂါလက္ခဏာများကို စစ်ဆေးပါ

ဖြစ်လေ့ရှိသော ရောဂါလက္ခဏာများ အဖြစ်နည်းသော ရောဂါလက္ခဏာများ ပြင်းထန်လွန်းသည့် ရောဂါလက္ခဏာများ

အဖျားတက်ခြင်း သို့မဟုတ် ကိုယ်အပူချိန်မြင့်မားခြင်း

ခေါင်းကိုက်ခြင်း

အသက်ရှူရခက်ခဲခြင်း

အလွန်မောပန်းမှု ခံစားရခြင်း လည်ချောင်းနာခြင်း နှုတ်ခမ်းနှင့် မျက်နှာ ပြာနှမ်းခြင်း
ချောင်းဆိုးခြင်း - တစ်ခါတစ်ရံ သလိပ်ပါသည့် ချောင်းဆိုးခြင်း အနည်းငယ် အသက်ရှူမဝခြင်း ရင်ဘတ် အောင့်ခြင်း သို့မဟုတ် တင်းကျပ်နေခြင်း
အရသာခံမရခြင်း နှင့်/သို့မဟုတ် အနံ့ခံမရခြင်း ကြွက်သား သို့မဟုတ် အဆစ်များ ကိုက်ခဲခြင်း အရေပြား အေးပြီးစိုထိုင်းထိုင်းဖြစ်နေခြင်း သို့မဟုတ် အရေပြား အရောင်ဖျော့ပြီး ပတ်ကြားအက်နေခြင်း
နှာရည်ယိုခြင်း မူးလဲခြင်း သို့မဟုတ် လဲကျခြင်း
ချမ်းတုန်ခြင်း စိတ်ရှုပ်ထွေးနေခြင်း
အော့အန်ချင်စဖွယ်ဖြစ်ခြင်း/အန်ခြင်း အိပ်နေရာမှ နိုးထရန် ခက်ခဲလာခြင်း
ဝမ်းလျှောခြင်း ဆီးနည်းနည်းသာသွားခြင်း သို့မဟုတ် လုံးဝ မသွားခြင်း

အကယ်၍ သင့်တွင် အထက်ပါ အလွန်ပြင်းထန်သည့် ရောဂါလက္ခဏာများအနက် တစ်ခုခုရှိလျှင် 000 ကို ချက်ချင်း ဖုန်းခေါ်ပါ။ ဖုန်းအော်ပရေတာကို သင့်တွင် ပြင်းထန်သော ရောဂါလက္ခဏာဖြင့် COVID-19 ရောဂါဖြစ်နေပြီး လူနာတင်ယာဥ်ပို့ပေးရန် ပြောပါ။

000 ကိုဖုန်းခေါ်ပါ

အကယ်၍ သင် အင်္ဂလိပ်စကား မပြောတတ်လျှင် ‘ambulance’ ကိုတောင်းဆိုပြီး စကားပြန်အား တောင်းဆိုရန် ဖုန်းဆက်ကိုင်ထားပါ။

အကယ်၍ ပိုးရှိစစ်ဆေးအဖြေရရှိပြီး 6 ပတ်ထက်ပိုကြာနေသည့် COVID-19 ရောဂါလက္ခဏာများ ရှိနေသေးလျှင် ကျန်းမာရေး စောင့်ရှောက်ပေးသူနှင့် ပြသပါ။ 

သင်ကိုယ်တိုင်နှင့် အခြားသူများကို ကာကွယ်ပေးပုံ

COVID-19 ရောဂါ နှေးကွေးသွားအောင်လုပ်ရာ၌ လူတိုင်း ပါဝင်နိုင်ပါသည်။ အခြားသူများနှင့် သင်ကိုယ်တိုင်ကို ကာကွယ်ရန် သင် လုပ်သင့်သည်မှာ-

  • အကယ်၍ သင် နေထိုင်မကောင်းလျှင် အိမ်၌နေပါ
  • ကောင်းမွန်သော တစ်ကိုယ်ရေသန့်စင်ရေးကို လုပ်ဆောင်ပါ
  • လူချင်း ခပ်ခွာခွာနေခြင်းနှင့် အခြားသူများမှ 1.5 မီတာ အကွာအဝေးတွင်နေခြင်းကို လုပ်ဆောင်ပါ
  • နှာခေါင်းစည်းကို တပ်ပါ
  • ပိုးစစ်ဆေးမှု ခံယူပါ၊ အကယ်၍ ပိုးရှိစစ်ဆေးအဖြေရလျှင် အိမ်၌နေရန် အကြံပြုပါသည်။

COVID-19 မှ သင်ကိုယ်တိုင်၊ သင့်မိသားစုနှင့် သင့် လူမှုအသိုက်အဝန်းကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းမှာ ကာကွယ်ဆေးထိုးခြင်းဖြစ်သည်။

အန္တရာယ်များသည့်လူများ

အချို့လူများသည် အကယ်၍ ၎င်းတို့ COVID-19 ရောဂါရလျှင် အလွန် နာမကျန်း ဖြစ်လာနိုင်သည်။ ပိုမိုအန္တရာယ်များသည့်လူများမှာ-

  • အိုမင်းသူများ
  • ကျန်းမာရေးပြဿနာများ ရှိနေသည့်လူများ
  • Aboriginal နှင့် Torres Strait Islander လူများ
  • မသန်စွမ်းသူများ။

ပိုးစစ်ဆေးခြင်း

အကယ်၍ သင့်တွင် COVID-19 ရောဂါလက္ခဏာ တစ်ခုခု အပျော့စားဖြစ်လျှင်ပင် အမြန်ဆုံး ပိုးစစ်ဆေးသင့်သည်။

သင့်တွင် COVID-19 ရောဂါ ရှိမရှိ တွေ့ရှိနိုင်သည့် စစ်ဆေးနည်း 2 မျိုးရှိသည်-

  • PCR ဟုလည်း အသိများသည့် ပိုလီမာရိစ် အဆင့်ဆင့် ဓါတ်ပြုမှု (polymerase chain reaction) 
  • RAT ဟုလည်း အသိများသည့် ပိုးအမြန်စစ်ဆေးနည်းများ။

အကယ်၍ သင် PCR စစ်ဆေးလိုလျှင် သင့် ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေးသူက တောင်းဆိုပေးနိုင်သည်။

သင့်အနေဖြင့် ပိုးအမြန်စစ်နည်းများကို အသုံးပြုရန်အတွက် အွန်လိုင်း၊ စူပါမားကက်အချို့၊ လက်လီအရောင်းဆိုင်များနှင့် ဓါတ်ဆီဆိုင်များတွင် ဝယ်ယူနိုင်သည်။

မည်သည့်အချိန်၌ စစ်ဆေးရမည်

အောက်ပါကိစ္စများ၌ သင် COVID-19 စစ်ဆေးသင့်သည်-

  • COVID-19 ရောဂါလက္ခဏာများ ရှိလျှင် – သင့် ရောဂါလက္ခဏာများမှာ အပျော့စားဖြစ်သည့်တိုင်
  • သင့်တွင် COVID-19 ရောဂါရှိခဲ့ပြီး 28 ရက်ကြာပြီးနောက် COVID-19 ရောဂါလက္ခဏာ အသစ်များ ဖြစ်ပေါ်လာလျှင် 
  • ကျန်းမာရေးပညာရှင်က သင့်အား ပိုးစစ်ရန် အကြောင်းကြားလျှင်။

သင် ပိုးစစ်ဆေးပြီးနောက်

ပိုးစစ်ဆေးပြီးသည်နှင့် အကယ်၍ သင့်တွင် ရောဂါလက္ခဏာများရှိ၍ အခြားသူများအား ကူးစက်စေမည့် အန္တရာယ်ကို လျှော့ချပေးရန် သင် အိမ်၌နေသင့်သည်။

COVID-19 ပိုးစစ်ဆေးခြင်းအကြောင်း ပိုမိုလေ့လာပါ။

သင် ပိုးတွေ့စစ်ဆေးအဖြေရလျှင် လုပ်ရမည့်အရာ

အကယ်၍ သင် COVID-19 ပိုးရှိစစ်ဆေးအဖြေရလျှင် သင့် ရောဂါလက္ခဏာများ ပျောက်သွားသည့်အထိ သင် အိမ်၌နေသင့်သည်။

သင် သက်ကြီးနှင့် မသန်စွမ်း စောင့်ရှောက်ဂေဟာများ၊ နှင့် ချက်ချင်း ဆေးဝါးကုသမှုလိုအပ်သည်မှလွဲ၍ ဆေးရုံများကဲ့သို့အန္တရာယ်များသည့် အနေအထားများရှိသည့်နေရာများသို့ မသွားရောက်ရ။

COVID-19 ပိုးရှိစစ်ဆေးအဖြေရလျှင် ဘာလုပ်ရမည်နှင့်ပတ်သက်သည့် အကြံပြုချက် ပိုရရန် သင့် ပြည်နယ် သို့မဟုတ် အုပ်ချုပ်ခံနယ်မြေ ကျန်းမာရေးဌာန ဝက်ဘ်ဆိုက်တွင် ကြည့်ရှုပါ။ 

COVID-19 ကာကွယ်ဆေးထိုးခြင်း

သင့်တွင် COVID-19 ရောဂါဖြစ်ခဲ့ပြီး ပြန်ကောင်းသွားလျှင် သင် COVID-19 ကာကွယ်ဆေး နောက်အကြိမ်ကို ထိုးသင့်သေးသည်။

COVID-19 ရောဂါရပြီး ပြန်ကောင်းသွားသူများကို ကူးစက်မှုခံရပြီး 6 လအကြာတွင် ကာကွယ်ဆေး နောက်အကြိမ်ကို ထိုးရန် အကြံပြုပါသည်။

COVID-19 ရောဂါဖြစ်သူအများစုသည် အိမ်တွင်နေရင်း ပြန်ကောင်းသွားကြပါသည်- အထူးသဖြင့် ကာကွယ်ဆေးထိုးပြီးသူများဖြစ်ကြသည်။ ဘာဖြစ်လာမည်ကိုသိရန် အောက်ပါကို ပိုဖတ်ပါ-

COVID-19 ရောဂါဖြစ်လျှင် မိခင်နို့တိုက်ခြင်း

အကယ်၍ သင် လုံလုံလောက်လောက် နေထိုင်ကောင်းနေလျှင် သင် ဆက်လက် မိခင်နို့တိုက်နိုင်သည်။ ကိုယ်ခံအားသည် သင့်ထံမှ သင့်ကလေးငယ်သို့ ရောက်သွားပါလိမ့်မည်။

အကယ်၍ သင် စိုးရိမ်နေလျှင် သို့မဟုတ် မေးစရာများရှိလျှင် သင် မိခင်နို့တိုက်ခြင်း အကူအညီဖုန်းလိုင်း (Breastfeeding Helpline) သို့ ဖုန်းဆက်နိုင်သည်။ အဆိုပါ အကူအညီဖုန်းလိုင်းကို 24 နာရီ 7 ရက်လုံးလုံး ဆက်နိုင်သည်။

1800 686 268

သင် စကားပြန် အလိုရှိလျှင် ဘာသာပြန်နှင့်စကားပြန်ဌာန ဖုန်း 131 450 ကို ဖုန်းဆက်ပြီး ၎င်းတို့အား Breastfeeding Helpline သို့ ဖုန်းခေါ်ဆိုခိုင်းပါ။

သင့်ကလေးတွင် COVID-19 ရောဂါဖြစ်လျှင်

သင့်ကလေးတွင် COVID-19 ရောဂါဖြစ်ခြင်းသည် စိတ်သောကရောက်နိုင်ပါသည်။ ကလေးများအဖို့ COVID-19 ရောဂါဖြင့် အပြင်းအထန် နာမကျန်းဖြစ်လာရန် အလွန်ရှားပါသည်။ ကလေး အများစုတွင် ရောဂါလက္ခဏာ လုံးဝ မရှိပါ သို့မဟုတ် အပျော့စား ရောဂါလက္ခဏာများသာ ရှိပါမည်။

သင့်ကလေး၏ ရောဂါလက္ခဏာများကို သင် စိုးရိမ်ပူပန်နေလျှင် သင့် ဆရာဝန်ကို အမြန်ဆုံး ဆက်သွယ်ပါ။

အကယ်၍ သင့်ကလေးတွင် ပြင်းထန်သည့် ရောဂါလက္ခဏာများ ပြသနေလျှင် ဖုန်း 000 ကိုချက်ချင်း ဖုန်းခေါ်ပါ။ သင် အင်္ဂလိပ်စကား မပြောတတ်လျှင် 'ambulance' ကိုတောင်းပြီး စကားပြန်ကို တောင်းရန်အတွက် ဖုန်းဆက်ကိုင်ထားပါ။

COVID-19 သောက်ဆေးများ

COVID-19 သောက်ဆေးများမှာ COVID-19 အပျော့စားမှ အလယ်အလတ်ကို ကုသပေးရန်အတွက် ဖြစ်ပါသည်။ ဤဆေးများမှာ ဆေးပြား သို့မဟုတ် ဆေးတောင့်များအဖြစ် သောက်ရသော ဆေးဝါးများဖြစ်သည်။

COVID-19 သောက်ဆေးများမှာ လူတိုင်းအတွက်တော့ မသင့်တော်ပါ။ သင် ၎င်းဆေးဝါးများကို ဆရာဝန်၏ ဆေးညွှန်းစာ ရှိမှသာ ရယူနိုင်သည်။

COVID-19 ကုသမှုများအကြောင်း ပိုမိုသိရှိပါ။

အကူအညီ ရယူရမည့် နေရာ

အကယ်၍ သင့်တွင် COVID-19 ပိုးရှိအဖြေရလျှင် ဘာလုပ်ရမည့်အကြောင်း အချက်အလက်နှင့် အကြံပြုချက်ကို အမျိုးသား ကိုရိုနာဗိုင်းရပ်စ် အကူအညီဖုန်းလိုင်းမှ ပံ့ပိုးပေးထားပါသည်။ ဖုန်းလိုင်းကို 24 နာရီ 7 ရက်လုံးလုံး ဖွင့်လှစ်ဆောင်ရွက်ပေးသည်။

1800 020 080

သင် စကားပြန် အလိုရှိလျှင် အမျိုးသား ကိုရိုနာဗိုင်းရပ်စ် အကူအညီဖုန်းလိုင်း (National Coronavirus Helpline) ကိုဖုန်းဆက်ပြီး နံပါတ် 8 ကိုနှိပ်ပါ။

ငွေကြေးပံ့ပိုးမှု

ငွေကြေးပံ့ပိုးမှု ရရှိနိုင်ပါသည်။ သင့် ဘာသာစကားဖြင့် သတင်းအချက်အလက်များကို ရှာရန် ဝက်ဘ်ဆိုက် Services Australia ကို ဝင်ရောက်ပြီး ‘Translate’ ကို ကလစ်နှိပ်ပါ။

ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပံ့ပိုးမှု

အကယ်၍ သင့်တွင် Medicare ကတ်ပြားရှိလျှင် သင် တယ်လီကျန်းမာရေး (telehealth) ကို ဖုန်း သို့မဟုတ် ဗီဒီယိုမှတစ်ဆင့် ကျန်းမာရေးဝန်ဆောင်မှုကို ရယူနိုင်သည်။

အကယ်၍ သင် COVID-19 ကြောင့် ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများကို ကြုံတွေ့နေရလျှင် သင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆွေးနွေးမှု အပိုဝန်ဆောင်မှုများကို ရယူနိုင်သည်။

တယ်လီကျန်းမာရေး ရက်ချိန်းယူရန် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဆွေးနွေးမှုများကို ရယူရန် သင့် ကျန်းမာရေးစောင့်ရှောက် ဌာနကို ဖုန်းဆက်ပါ။

သင် ယခု အကူအညီ လိုအပ်လျှင်

သင် ယခု အကူအညီ လိုအပ်လျှင် သင် ဖုန်းဆက်နိုင်သည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုများ အများအပြား ရှိပါသည်-

အိမ်တွင်း အကြမ်းဖက်မှုကြောင့် သင် အိမ်၌ မလုံခြုံလျှင် သင့် ပြည်နယ် သို့မဟုတ် အုပ်ချုပ်ခံနယ်မြေရှိ ရဲအား ဆက်သွယ်ပါ သို့မဟုတ် ဖုန်း 1800 RESPECT (1800 737 732) ကိုဆက်ပါ။

အကယ်၍ သင် စကားပြန်ကို အလိုရှိလျှင် TIS National သည် သင့်အား ဤဝန်ဆောင်မှုများနှင့် ချိတ်ဆက်ပေးနိုင်သည်။

131 450

ပံ့ပိုးရင်းမြစ်များ

Date last updated:

Help us improve health.gov.au

If you would like a response please use the enquiries form instead.