COVID-19 သည် ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ကြောင့် ဖြစ်ပွားသည့် ရောဂါဖြစ်သည်။
COVID-19 ဗီဇမျိုးကွဲများသည် ဆက်လက်၍ ပေါ်ထွက်နေဆဲဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) သည် စိုးရိမ်ရပြီး စူးစမ်းလိုသည့် ဗီဇမျိုးကွဲများကို နောက်ယောင်ခံလေ့လာရေးအတွက် တာဝန်ရှိသည်။
သြစတြေးလျနိုင်ငံရှိ စိုးရိမ်ရသော ဗီဇမျိုးကွဲများအကြောင်း ပိုမိုလေ့လာပါ။
လက်ရှိ အခြေအနေ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကကိုရိုနာဗိုင်းရပ်စ် (COVID-19) အသစ်၏ ကမ္ဘာ့ကပ်ဘေးကြီးမှာ 2020 ခုနှစ် မတ်လ 11 ရက်နေ့တွင် ကပ်ဆိုက်သည်ဟု ကြေညာခဲ့သည်။
COVID-19 ကမ္ဘာ့ကပ်ဘေးကြီးမှာ ဆက်လက် ရှင်သန်နေသေးသည်။
ကမ္ဘာ့ကပ်ဘေးကြီး နှင့် ကျွန်ုပ်တို့ မည်သို့ စီမံထိန်းချုပ်ပေးနေသည့်အကြောင်း ပိုမိုလေ့လာပါ။
ရောဂါလက္ခဏာများ
COVID-19 သည် ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် ရောဂါဖြစ်ပါသည်။
COVID-19 ရောဂါလက္ခဏာများမှာ အပျော့စားမှ ဆိုးဝါးသည်အထိ အမျိုးမျိုးဖြစ်နိုင်ပါသည်။
အချို့မှာ အလွယ်တကူ ပြန်ကောင်းလာသော်လည်း အခြားသောသူများမှာ အလွန် နာမကျန်းဖြစ်ကြသည်။ အကယ်၍ သင် COVID-19 ပိုးတွေ့စစ်ဆေးအဖြေရလျှင် သင် ခံစားရနိုင်သည်မှာ-
- အဖျားတက်ခြင်း
- ချောင်းဆိုးခြင်း
- လည်ချောင်းနာခြင်း
- အသက်ရှူကျပ်ခြင်း။
ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ အချက်အလက်စာစောင်ကို COVID-19 ရောဂါလက္ခဏာများကို ဖော်ထုတ်ရန်အတွက် ဖတ်ရှုပါ။
အချို့လူများသည် လက္ခဏာ မည်သို့မျှ မခံစားရသော်လည်း (လက္ခဏာမပြ) ဗိုင်းရပ်စ်ပိုးကို ကူးစက်ဖြန့်ပေးနိုင်သေးသည်။
ရေရှည် သက်ရောက်မှုများ
COVID-19 ပိုးတွေးစစ်ဆေးအဖြေရသူ အများစုမှာ လုံးဝ ပြန်ကောင်းလာသော်လည်း အချို့မှာမူ COVID ကြာရှည်နေနိုင်သည်။
ကြာရှည်နေသည့် COVID ၏လက္ခဏာများမှာ COVID-19 ၏ လက္ခဏာများနှင့် ကွာခြားပါသည်။ သင် ခံစားရနိုင်သည်မှာ-
- အလွန့်အလွန် ပင်ပန်းနွမ်းနယ်ခြင်း (ပင်ပန်းခြင်း)
- အသက်ရှူကျပ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ရင်ဘတ်တင်းကျပ်ခြင်း
- မှတ်မိဉာဏ်နှင့် အာရုံစိုက်မှု အခက်အခဲများရှိခြင်း
- အရသာနှင့်အနံ့ ပြောင်းလဲခြင်း
- အဆစ်နှင့်ကြွက်သား နာကျင်ခြင်း။
တစ်ခါတစ်ရံ ဤလက္ခဏာများမှာ အပတ်များစွာ သို့မဟုတ် လများစွာ ကြာနိုင်သည်။
ကြာရှည်နေသော COVIDအကြောင်း ပိုမိုလေ့လာပါ။