COVID-19 vaccination – Video – ကာကွယ်ဆေးထိုးခြင်း ဖြစ်ရပ်အကြောင်း ဗီဒီယို (Vaccination story video)

In this video, in Burmese, Chris shares his COVID-19 vaccination experience and talks about why he chose to get vaccinated.

1:55

ကျနော် စစ်သူအောင်လွင်ပါ။ Chris လို့ ခေါ်လို့ရပါတယ်။ ကျနော်ဟာ ဒီကင်တက္ကသိုလ်မှာ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်ပါတယ်။

ယနေ့ Sithu သည် သူမ၏ COVID-19 ကာကွယ်ဆေး ထိုးနှံပါသည်။

ပြည်ထောင်စု ကာကွယ်ဆေးထိုး ဆေးခန်းတွေနဲ့  ပြည်နယ် ဒါမှမဟုတ် အုပ်ချုပ်ခံနယ်မြေ ကာကွယ်ဆေးထိုး ဆေးခန်းတွေမှာ သင် COVID-19 ကာကွယ်ဆေးကို အခမဲ့ ထိုးနှံနိုင်ပါတယ်။

ဒီဆေးခန်းတွေမှာ  ကာကွယ်ဆေးထိုးနှံဖို့ သင် Medicare ကတ် မလိုပါဘူး။

ထိုးမယ့်နေ့မှာ မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်း၊ ကူညီပံ့ပိုးလုပ်သား ဒါမှမဟုတ် စောင့်ရှောက်ပေးသူတွေလို သင် ယုံကြည်ရတဲ့ သူတစ်ယောက်ကို ခေါ်လာနိုင်ပါတယ်။

ကာကွယ်ဆေးထိုးနှံပေးမယ့်သူဟာ မထိုးပေးခင်မှာ သင့်ရဲ့ ခွင့်ပြုချက်ကို တောင်းပါလိမ့်မယ်။

ထိုးမယ့်နေ့မှာ သင့်ရဲ့ ဆေးဘက်ဆိုင်ရာ သမိုင်းကြောင်းနဲ့  သင် နေထိုင်ကောင်း မကောင်း မေးခွန်းတွေကိုလည်း သူတို့ မေးပါလိမ့်မယ်။ COVID-19 ကာကွယ်ဆေးတွေ အကြောင်း သင် သူတို့ကို မေးခွန်းတွေ မေးနိုင်ပါတယ်။

ကျနော်တို့ အခု နှာခေါင်းစည်း တပ်စရာမလိုပဲ လွယ်လွယ်ကူကူ ခရီးသွားနိုင်ပါမယ်။ ဒါပေမဲ့ အခု COVID ပျောက်ကွယ်မသွားသေးပါ၊ COVID ရှိနေတုံးဖြစ်ပါတယ်။ ကူးစက်ပျံ့နှံ့မှုတချို့  ရှိနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးပါ၊ ကျနော်တို့ အဲ့ဒီလောက် ပိုပြီးဘေးကင်းပါလိမ့်မယ်။ ကျနော်တို့ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါ

ချစ်ခင်ရသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ဒီလို ကာကွယ်ဆေး ထိုးထားတာကြောင့် သူတို့တွေအတွက် စိုးရိမ်ပူပန်စိတ် နည်းစေပါတယ်။ ကျနော်တို့အားလုံး ပုံမှန်ဘဝတွေဆီ ပိုမိုမြန်မြန် ပြန်ရောက်နိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်

ကာကွယ်ဆေး ထိုးနှံပြီးနောက် သင် ဘာမှမဖြစ်ကြောင်း စောင့်ကြည့်ဖို့ သင့်ကို ဆေးခန်းမှာ 15 မိနစ်မှ မိနစ် 30 အထိ စောင့်ခိုင်းပါလိမ့်မယ်။

COVID-19 ကြောင့် ပြင်းပြင်းထန်ထန် နေထိုင်မကောင်း ဖြစ်လာမှာကို ဖြစ်နိုင်သမျှ များများ သင့်ကို ကာကွယ်ပေးဖို့ သင် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံဖို့ လိုပါတယ်။ သင့်ကို ကာကွယ်ဆေးထိုးပေးတဲ့သူက ဒုတိယအကြိမ်ထိုးဖို့အတွက် ဘယ်တော့ ရက်ချိန်းယူရမယ်ဆိုတာကို ပြောပါလိမ့်မယ်။

 

I am Sithu Aung Lwin. You can call me Chris. I am a student leader at Deakin University.

Today Sithu is getting his COVID-19 vaccination.

You can get your free COVID-19 vaccination at Commonwealth vaccine clinics and state or territory vaccine clinics.

You do not need a Medicare card to get your vaccination at these clinics.

You can bring someone you trust with you on the day, such as a family member or friend, support worker or carer.

The person giving your vaccination will ask for your consent before you have the vaccine.

They will also ask you questions about your medical history and if you are feeling well on the day. You can ask them questions about the COVID-19 vaccines.

COVID is not gone yet now, COVID is still present. There may be some outbreaks. So, at this point, getting vaccination will help us much safer.

What I hope for is that we all here will get back to normal life more quickly.

After your vaccination, you will be asked to wait at the clinic for 15 to 30 minutes, to make sure you are okay.

You need two doses of the vaccine to give you as much protection as possible against becoming seriously sick from COVID-19. The person giving your vaccination will tell you when to make an appointment for your second dose.

Video type:
Story
Resource published:
Description:

ဤဗီဒီယိုကို အသစ်ပြင်ဆင်ထားသည့် ကျန်းမာရေး အကြံပြုချက် မထုတ်ပြန်မီ ရိုက်ကူးထားသည်၊ သြစတြေးလျနိုင်ငံရှိ အသက် 16 နှစ်နှင့်အထက်အရွယ်လူတိုင်း မိမိတို့၏ တတိယအကြိမ် COVID-19 ကာကွယ်ဆေးကို နောက်ဆုံးအကြိမ်ထိုးပြီး လအကြာတွင် ထိုးရန် အကြံပြုထားကြောင်း သတိပြုပါ။ CoVID-19 မှ ပြင်းထန်စွာ နာမကျန်းမှု အန္တရာယ်ရှိသူများကိုလည်း စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးရန် အကြံပြုပါသည်။

CoVID-19 မှ ပြင်းထန်သော နာမကျန်းမှုကို ဆက်လက် ကာကွယ်ပေးနေစေရန် သင့် အသက်အရွယ်နှင့် ကျန်းမာရေး လိုအပ်ချက်များအတွက် အကြံပြုထားသကဲ့သို့ COVID-19 ကာကွယ်ဆေး နောက်ဆုံးအကြိမ်အထိ ထိုးထားပါ။

 cOVID-19 ကာကွယ်ထိုဆေးအကြိမ်များနှင့်ပတ်သက်၍ ပိုမိုသိရှိရန် ဝက်ဘ်ဆိုက်- www.health.gov.au/covid19-vaccines-languages တွင်ကြည့်ပါ။

Please note, this video was filmed prior to updated health advice, recommending everyone in Australia 16 years and over receive a third dose of the COVID-19 vaccine, 3 months after their last dose. Some people at risk of severe illness from COVID-19 are also recommended to receive a fourth dose of the vaccine.

To maintain protection against severe illness from COVID-19, keep up to date with your COVID-19 vaccinations as recommended for your age and health needs.

For more information about COVID-19 vaccine doses, visit www.health.gov.au/covid19-vaccines-languages

Help us improve health.gov.au

If you would like a response please use the enquiries form instead.