COVID-19 vaccination – Video – ဘေးကင်းလုံခြုံရေး /အတည်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ(COVID-19 vaccine safety and approval process)
In this video, in Burmese, health care professional Hnin Pwint Phyu Phyu Swe provides information about the safety process that COVID-19 vaccines go through before being approved by the Therapeutic Goods Administration (TGA).
ကျွန်ုပ်အမည်မှာ Hnin ဖြစ်ပြီး ကျွန်ုပ်သည် သူနာပြုတစ်ဦးဖြစ်ပါသည်။
ကျွန်ုပ်သည် ဩစတြေးလျနိုင်ငံ၏ COVID-19 ကာကွယ်ဆေးမှာ
အန္တရာယ်ကင်းပြီး ထိရောက်မှုရှိကြောင်း ကျွန်ုပ်တို့ သိရှိပုံကို ရှင်းပြပါမည်။
ဩစတြေးလျနိုင်ငံတွင် အသုံးပြုရန် အတည်ပြုထားသည့် COVID-19 ကာကွယ်ဆေးများကို
ကမ္ဘာတစ်ဝန်းရှိ သုတေသီများနှင့် သိပ္ပံပညာရှင်များက ရန်ပုံငွေ
အမြောက်အများနှင့် နည်းပညာသစ်များဖြင့် အတူတကွလုပ်ကိုင်ကြသောကြောင့်
မြင့်မားသောစံနှုန်းများနှင့် လျင်မြန်စွာထုတ်လုပ်နိုင်ခဲ့သည်။
ဩစတြေးလျနိုင်ငံတွင် ကာကွယ်ဆေးများနှင့်ပတ်သက်၍ တင်းကျပ်သော
ဘေးကင်းလုံခြုံရေး၊ အာနိသင်ရှိမှုနှင့် ထုတ်လုပ်ရေးစံနှုန်းများ ရှိပါသည်။
ဩစတြေးလျနိုင်ငံ၏ COVID-19 ကာကွယ်ဆေးများသည် ကုထုံးဆိုင်ရာ ကုန်ပစ္စည်းများ
စီမံခန့်ခွဲရေးအဖွဲ့၏ တင်းကျပ်သော စိစစ်မှုများကို ကျော်လွှားခဲ့သည်၊ ဆိုလိုသည်မှာ
၎င်းတို့သည် လူများအား နာမကျန်းဖြစ်ခြင်းသာမက သေဆုံးခြင်းမှ
ကာကွယ်ပေးရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး ထိရောက်မှုရှိပါသည်။
ဤကာကွယ်ဆေးသည် သင်၊ သင့်မိသားစုနှင့်
ရပ်ရွာအသိုက်အဝန်းကို ကာကွယ်ပေးမည်ဖြစ်သည်။
COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်သော အချက်အလက်များ ပိုမိုသိရှိလိုပါက
health.gov.au/covid19-vaccines ဝက်ဘ်ဆိုက်တွင် ကြည့်ရှုပါ သို့မဟုတ်
နိုင်ငံတော်အဆင့် ကိုရိုနာဗိုင်းရပ်စ်နှိမ်နင်းရေး အရေးပေါ်ဖုန်း
1800 020 080 ကိုဖုန်းခေါ်ပါ။
ဘာသာပြန်နှင့် စကားပြန် ဝန်ဆောင်မှုများအတွက် ဖုန်း 131 450 ကို ဆက်ပါ။