When should you visit a Medicare Urgent Care Clinic – animation voice over – Burmese

Listen to this voice over to learn about when you should visit a Medicare Urgent Care Clinic (UCCs). Medicare UCCs are located across Australia, making it easier to access care for urgent, but not life-threatening, illnesses and injuries.

Downloads

မယ်ဒီကဲ အရေးပေါ် စောင့်ရှောက်ပေးရေး ဆေးခန်းတွေ (Medicare Urgent Care Clinics) ဟာ သြစတြေးလျားတစ်ဝန်း တည်ရှိပြီး အခကြေးကို ပုံတိုက် ပေးရတဲ့ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်ပေးမှုကို ရယူဖို့ ပိုပြီးလွယ်ကူစေပါတယ်။

ဆေးခန်းတွေကို နေ့စဉ် စောစီးစွာ ဖွင့်ထားသလို၊ ပိတ်တာလည်း နောက်ကျပြီး သင် ရက်ချိန်းယူဖို့ ဒါမှမဟုတ် ညွှန်းပေးခံရဖို့ မလိုပါဘူး။

အရေးပေါ် စောင့်ရှောက်ပေးမှုဆိုတာက သင်ဟာ အထွေထွေကု ဆရာဝန်ကို သမားရိုးကျ ရက်ချိန်းယူပြီး တွေ့ဖို့ မစောင့်နိုင်စရာ ဖျားနာမှု ဒါမှမဟုတ် ထိခိုက်ဒဏ်ရာအတွက် ဆေးကုသဖို့ လိုအပ်တာဖြစ်ပြီး အရေးပေါ် ဒါမှမဟုတ် အသက်ဘေးအန္တရာယ်ရှိစေမယ့် ဖျားနာမှုတွေ၊ ထိခိုက်ဒဏ်ရာတွေကို ကုသဖို့ မဟုတ်ရပါဘူး။

အရေးတကြီး ဆေးကုသခံယူဖို့ လိုအပ်နိုင်ကောင်းတဲ့ အခြေအနေတွေက အသေးစား အရိုးအက်တာတွေ၊ အဆစ်လွဲတာတွေ၊ အသေးစား ရောဂါပိုးကူးစက်တာတွေ၊  အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတွေ၊ မဆိုးရွားတဲ့ အပူလောင်မှုတွေ၊ ပြင်းပြင်းထန်ထန် ဗိုက်နာမှုတွေနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာတွေဖြစ်ပါတယ်။

အရေးပေါ် သို့မဟုတ် အသက်ဘေးအန္တရာယ်ရှိစေမယ့်၊ ဖျားနာမှုတွေ ထိခိုက်ဒဏ်ရာတွေကို အရေးပေါ်ဌာနမှာ ဒါမဟုတ် ဆေးရုံမှာ ချက်ချင်းဆေးကုသခံယူဖို့ လိုပါတယ်။

ဥပမာအားဖြင့်၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူရ ခက်ခဲတာ၊ ဆိုးရွားစွာ အပူလောင်မိတာ၊ အဆိပ်သင့်တာ၊ ခံစားမှု မရှိတော့တာနဲ့ တက်တာမျိုးတွေ ဖြစ်ပါတယ်။

သာမန်နဲ့ ကြိုတင်ကာကွယ်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပထမဦးဆုံး ဆက်သွယ်ရမယ့်သူက သင့်ရဲ့ ဒေသခံ အထွေထွေကုဆရာဝန်ဖြစ်ပါတယ်။ တစ်ချို့သော အထွေထွေကုဆရာဝန်တွေက နေ့ချင်းပြန် ရက်ချိန်းပေးနိုင်ပါတယ်။

သင်နဲ့ အနီးဆုံး မယ်ဒီကဲ အရေးပေါ် စောင့်ရှောက်ပေးရေး ဆေးခန်းကို ရှာတွေ့ဖို့ health.gov.au/MedicareUCC မှာကြည့်ပါ။

Publication date:
Duration:
00:58
Audience:
General public

Help us improve health.gov.au

If you would like a response please use the enquiries form instead.